( သဘာဝ မျက်နှာသစ်ဆပ်ပြာရည် လုပ်နည်း)
***************************
သဘာဝ ဖြစ်လို့.. သဘာဝအသီးအနှံ့ နှင့်ပြုလုပ်ရမှာပါ..
မျက်နှာသစ်အတွက် .. ပျားရည် ၅၀ဂရမ် + အသီးတစ်မျိုးမျိုး ၆၀၀ဂရမ် (..ဥပမာ.ထောပတ်သီး.. သို့မဟုတ် သင်္ဘော သီး.. သို့မဟုတ် ပန်းသီး.. သို့မဟုတ် သခွားသီး..သို့မဟုတ် မုန်လာဥ နီ. အစရှိသဖြင့် နှစ်သက်ရာ အသုံးပြုလို့ရပါတယ်)နှင့်ပြုလုပ်တဲ့ နည်းပါ..
*********************
လိုအပ်တဲ့ပစည်းတွေကတော့..
**********************
၁. သန့်ပြန့်တဲ့ ဇလားတစ်လုံး
၂.မွှေဖို့ယောင်းမ တစ်ခု သို့မဟုတ် မွှေစက် (မွှေစက်မရှိလဲရ)
၃.ေ၇နွေး နွေး တစ်လီတာ(ေ၇အသန့်ဖြစ်၇ပါ့မယ်)
၎.အသီး ပြုပ်ဖို့ စတီးအို့သန့်သန့်တစ်လုံး (ေ၇ ၂လီတာ ၀င်ဆန့် ၇ပါ့မယ်)
၅.အသီးပြုပ်ဖို့ေ၇သန့်သန့် နှစ်လီတာ..(ေ၇မသန့်လျင် ပုပ်မှာပါ)
၆.ေ၇ချိန်ဖို့အတွက် လီတာ .ml . gram တွေပါတဲ့ ချဉ်ခွက်တွေသုံးပါနော်.
( မရှိလို့မသုံးလဲ မိမိအတိုင်းတာမှန်လျင် ၇ပါတယ်နော်)
၇.အသီးပြုပ်၇ည် ပြန်စစ်ဖို့ အသီးစစ်ဇကာ တစ်ခုလိုပါတယ်
၈.ပြုလုပ်ပြီးလျင်ဓာတ်ပြုနိုင်အောင်အုပ်ထားဖို့ အ၀တ်သန့်သန့် တစ်ထည်..လိုပါတယ်.
၉.ပြုလုပ်ပြီး လျင် ထည့်ဖို့အတွက် လှပအဆင်ပြေတဲ့ ဗူးခွံ့package လှလှလေးတွေလိုပါတယ်..အဲဒီဗူးခွံ့လေးတွေကလည်းသန့်ပြန့်နေ၇မှာပါ.. မသန့်လျင် ပုပ်မှာပါ)
***************************
ပါဝင်တဲ့ကုန်ကြမ်းပစ္စည်း တွေကတော့..
***************************
1.AD25 1kg
2.Nacl 400g
3.အသီးပြုတ်ရည် 1500ml
4.ရေသန့် 1000ml
5.ဂရစ်စလင်းအသားလှဆီ 200g
6. ပျားရည် 100g
7. Betaine 50g
8. မိမိနှစ်သက်၇ာအသီး 600g
( မိမိထည့်တဲ့အသီး၇ဲ့ ဘသာဝဓာတ်တွေကို လေ့လာပြီးမှ အခွံထည့်င့်မသင့်အစေ့ထည့်သင့်မသင့် စဉ်းစားပြီး စိတ်ကြိုက် စီမံဖန်တီးနိုင်ပါတယ်.. အသုံးပြုတဲ့ပစည်းတွေ မသန့်၇င် ပုပ်တက်ပါတယ်)
9. အနံ့ . 1oz ( အနံ့ကို မိမိအသုံးပြုတဲ့ အသီး၇ဲ့ ၇နံ့ တစ်အောင်စ ကူတဲ့သဘောပါနော်..
အကယ်၍ မိမိအသုံးပြုတဲ့ အသီးရဲ့ အနံ့ မရှိဘူးဆိုလျင် လာဗန်ဒါ အနံ့ တစ်အောင်စကို ထည့်ရမှာ ဖြစ်ပါတယ်)
10. အေ၇အတွက် ဘယ်လောက်ကုန်ချောပြန်ထွက်မလဲ သိချင်၇င် အခုကုန်ကြမ်းပါဝင်ပစ္စည်းတွေ၇ဲ့ ဂရမ်တွေ ပေါင်းကြည့်၇င်သိနိုင်ပါတယ်နော်.. အကယ်၍ အရေတွက် များများထပ်လိုချင်၇င် .. အခုအချိုးအတိုင်း ဆပွားတိုးသွားပေးပါနော်..ဂရမ်ချိန်စက်လေးတစ်လုံးတော့လိုပါတယ် ..အမြဲပြုလုပ်နေတဲ့သူတွေအတွက်တော့ မဖြစ်မနေလိုတယ်.. တခါတလေ စမ်းသပ်ကြည့်သူတွေအတွက်အဆင်ပြေသလို အတိုင်းအဆမှန်၇င်၇ပါပြီနော်...
**************
ပြုလုပ်ပုံအဆင့်ဆင့်.
**************
ပထမဆုံး လိုအပ်တဲ့ပစ္စည်းတွေကို သန့်ပြန့်စေအောင် စီမံထား၇ပါမယ်..
(ဘာလို့လဲဆိုတော့ သဘာဝအသီးအနံ့ပြုတ်၇ည်ဟာ အသုံးအဆောင်နဲ့ ရေ မသန့်လျင် ပုပ်တက်လို့ပါနော်..)
၁.အသီးအနှစ်ကို 600g ၇အောင် သန့်စင်ထားပါ.. (ဥပမာ ကျမ ထောပတ်သီးနဲ့ ပြုလုပ်မယ်ဆို၇င် ထောပတ်သီး အသား အနှစ်သန့်သန့် ကို 600g ရအောင် ယူထားပြီး ကျိတ်ထား ခြေထားပါ့မယ်..ပြုတ်တဲ့အခါ မြန်မြန် ပျစ်နှစ်ပြီး ကျေသွားဖို့အတွက်ပါ..)
၂. သန့်စင်ပြီး အသီးအနှစ်ကိုေ၇နွေး ၂လီတာနဲ့ စတီးအိုးသန့်သန့်မှာ ပြုတ်ထားပါမယ်..
၂လီတာ ပြုပ်မှ ၁လီတာ ခွဲ လောက်ပြန်၇တာပါ.. ပြုတ်၇ည် ၁လီတာ ခွဲရလျင် အိုးပေါ်ကချပြီး အနှစ်တွေ စစ်လိုက်ပါ့မယ်. ပြုပ်၇ည်သီးသန့်ပဲ တစ်လီတာခွဲရရင် ရပါပြီ..စစ်ပြီးချဉ်ခွက်ထဲထည့်ထားပါ..
၃. သန့်ပြန့်တဲ့ ဇလားထဲ AD25ထည့်ပါ့မယ်..(မျက်နှာသစ်ဖြစ်လို့ AD25ကို အသုံးပြု၇ခြင်းဖြစ်ပါတယ်.. ALES သုံးလဲ၇ပါတယ်.. ALES သုံးလျင် အချိုးအစား ပြောင်းသွားမှာမို့.. အခုအချိုးနဲ့က AD25 ကိုသုံးပါနော်..)
၎. ဇလားထဲထည်ထားတဲ့ AD25ကို ယောင်းမသို့မဟုတ်မွှေစက်နဲ့ နာ၇ီဝက်အဆက်မပြတ်မွှေပါ.. အကြည်၇ည်ကနေ အေ၇ာင်ပြောင်းပြီးပျစ်လာပြီဆို၇င်..အသီးပြုတ်၇ည် ချိန်ထားတဲ့ တစ်လီတာခွဲ ထည့်ပါ.. ၅မိနစ်တိတိထပ်မွှေပါ..
၅. ပျး၇ည် ၅၀ဂရမ် ထည့်မွှေပါ.( စတီးဇွန်း တစ်စွန်းခွဲ နှစ်စွန်းစာ)
ပျား၇ည်ထည့်ပြီး ၅မိနစ်ထပ်မွှေပါ..
၆. ဂရစ်စလ်းအလှဆီ 200g ထည့်ပြီး ၅မိနစ်ထပ်မွှေပါ..
၇.ဘီတိန်း50g ထည့်ပြီး ၅မိနစ်မွှေပါ..
၈. ရေသန့် နွေးနွေးလေးတစ်လီတာ ထပ်ထည့်ပါ.
၅မိနစ်ထပ်မွှေပါ..
၉. ဆား 400g ထည့်မွှေပါ..NacL ဆား 400g ထည့်မွှေတဲ့အချိန်မှာ ဖွယ်နေတာတွေ.. ပွနေတာတွေ.. အမြှုပ်ထနေတာတွေက.. သိပ်သည်းပြီးကျစ်လှစ် စီးပိုင်လာပါ လိမ့်မယ်..
ဆားထည့်တဲ့အခါမှာ ၁၀မီနစ်လောက်မွှေပေး၇ပါ့မယ်..
၁၀. အနံ့ တစ်အောင်စတိတိ ထည့်ပါ့မယ်.. မိမိထည့်ထားတဲ့သဘာဝအသီးအနံ့ တူညီတဲ့အနံ့ကို ထည့်ပါ.. မိမိအသီးအနံ့ မ၇လျင် လာဗန်ဒါ ပန်း အနံ့ တစ်အောင်စထည့်ပါ..၅မိနစ်မွှေ ပါ..
၁၁. အရောင် ထည့်ချင်လဲ၇ပါတယ်.. ၁ေ၇ွး၂ေ၇ွး လောက်ထည့်လို့၇ပါတယ်..
ဘာလို့လဲဆိုတော့ သဘာဝအသီးနဲ့ ပြုလုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာရည်ဟာ.. သဘာဝအသေီးပြုပ်၇ည်အေ၇ာင်ကြောင့်.. မှိုင်းတိုင်းတိုင်းမွဲပြီး အ၇ည်သွေးမကောင်းတဲ့အေ၇ာင်ပုံစံဖြစ်နေပါတယ်.. လှပတဲ့အရောင်လေးဖြစ်အောင်.. အန္တရယ်လဲကင်းအောင် fo၀d colour လေး နှစ်သက်တဲ့အေ၇ာင် နည်းနည်းထည့်ပေးလို့၇ပါတယ်.. မထည့်လဲ၇ပါတယ်..
၁၂. အားလုံးအပြီးသတ်မွှေပြီး၇င် အ၀တ်သန့်သန့် နှင့်အုပ်ထားပြီး အေးမြခြောက်သွေ့တဲ့နေ၇ာမှာ ၈နာ၇ီကြာ ထားပြီး အသုံးပြုလို့ရပါတယ်..
၁၃. ပြုလုပ်တဲ့အစအဆုံး အသုံးဆောင်နဲ့ပစည်းတွေဟာ သန့်ပြန့် နေ၇မှာဖြစ်ပါတယ်.. ပုပ်တက်လို့ပါ.. နောက်တစ်ခုသတိထားရမှာက . AD25နဲ့ အသီးပြုတ်၇ည် နဲ့ ရောတဲ့အချိန်မှာ အဓိက ပညာသား ပါပါတယ်.. အသီးအနှံတွေဟာကယ်မီကယ်နဲ့ထိပြီး gas ဂက်စ်ဖြစ်ပြီး..ဘယ်အချိန်မှာ အန္တရယ်ဖြစ်လဲဆိုရင် အသုံးပြုမည့် ဗူးတွေထဲထည့်တဲ့အခါမှာ. Gas တွေပေါက်ကွဲထွက်ပြီး ဗူးတွေပေါက်တက်ဖောင်းလာတက်ပါတယ်.. ပြီးလျင် အမြှုပ်တွေ တစီစီ ထပြီး သဘာဝကြောင့် လှပဖို့မပြောနဲ့ အန္တရယ်ဖြစ်တဲ့ဘက်ကိုပါ.. ရောက်တက်ပါတယ်..
ကျတော် အားလုံးအစဆုံး သတိပေးနေတာပါ.. မည်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ နစ်နာလိုခြင်းမရှိပါ..
(အခုပါဝင်တဲ့ဓာတုပစ္စည်းအမျိုးအမည်တွေနဲ့အလေးချိန်ကိုသိရင်.. တစ်ဖုံစာဆိုင်တွေမှာမေ၇ာင်းပါဘူးနော်.. အမျိုးအစားနဲ့ အေ၇တွက်ကို ကြည့်ပြီး သင့်လျော်တဲ့ဓာတုဆိုးဆေးဆိုင်တွေမှာ.. ကီလိုလိုက်.ပေါင်လိုက်.အောင်စလိုက်.. မေးမြန်းဝယ်ယူပါ.. ကယ်မီကယ်အမည်တွေမသိလဲ စာ၇ွက်နဲ့ေ၇းယူပြီး ပြ၀ယ်လို့၇ပါတယ်နော်.. ပြုလုပ်၇င်းအခက်ခဲတစ်စုံတ၇ာရှိ၇င်ကျတော်ကို အချိန်မေ၇ွး တိုင်ပင်လို့၇ပါတယ်)
Food Colour မလုပ်တက်ရင်
အားလုံးပြိးရင် လုပ်နည်းလေးပြပေးရမလား???
AMM Home Made Group A
Ok
Crd;သင်ဆရာများ,Photo