ကလေးလေးတွေ မှုတ်တဲ့ ပူပေါင်းလုပ်နည်းလေး
မျှဝေပေးချင်ပါတယ်... ရောင်းတန်းဝင် လုပ်နည်းလေး ပြောပြပေးတာပါ...
ကလေးလေးတွေရှိတဲ့ မိဘတွေအတွက် ကိုယ်တိုင်ပြုလုပ်ပေးလို့အသုံးဝင်ပါတယ်
ရောင်းချဖို့အတွက်ဆို၇င်တော့ တရုတ်ကလာတဲ့ ကော်ဗူးလေးတွေ.. နဲ့ ထည့်ပြီးရောင်းချလို့ရပါတယ်..
ဆပ်ပြာ ပူပေါင်း ကုန်ကြမ်း
____________________
၁. ရေသန့် _ ၉၈၀ မီလီ ( တစ်လီတာရေသန့်ဗူး မပြည့်တပြည့်)
၂. ဂရစ်စလင်းအလှဆီ _ ၁၂၅ ဂရမ်( ဓာတုကုန်ကြမ်းဆိုင် သို့မဟုတ် ဆေးဆိုင် မှာဝယ်လို့ရပါတယ်)
၃. ဆပ်ပြာဆီ အပျစ် _၂၈၅ ဂရမ် (ကုန်ဆိုင်ဆိုင်များ.marts များမှာ ၀ယ်လို့ရ)
၎. သကြားဖြူ အသန့် _ ၁ အောင်စ ( လက်ဖက်ရည် စွန်း တစ်စွန်းအပြည့်)
၅. ရောမွှေဖို့ ယောင်းမတစ်ချောင်း နှင့် ဇလုံတစ်ခုသို့မဟုတ် ချဉ်ခွက် တစ်ခု
၆. ကုန်ချောထည့်ရန် ဗူးset သို့မဟုတ် ထည့်ရန်ဗူး.(ပြန်လည်ရောင်းချမည့်သူများအတွက်ပါ)
ဆပ်ပြာပူပေါင်း ပြုလုပ်နည်း
_____________________
၁. ပထဆုံး ချဉ်ခွက် သို့မဟုတ် ထည့်ရန်ခွက်တစ်ခုထဲတွင် ရေ သန့် ၉၈၀ မီလီ ထည့်ပါ..
၂. ဂရစ်စလင်း အလှဆီ ၁၂၅ ဂရမ် ကို ထည့်ပြီး ရောမွှေပါ။
၃. ပြီးလျင် ဆပ်ပြာဆီ အပျစ် ၂၈၅ ဂရမ်ကို ထည့်မွှေပါ.. ဆပ်ပြာပူပေါင်းအရည်အရောင်လှလှလေးတွေလိုချင်ရင်. ဆပ်ပြာဆီအရောင်လှတာ မိမိနှစ်သက်ရာ အရောင်ပါသည့် ဆပ်ပြာဆီကိုထည့်ပါ။
၎. သကြားဖြူအသန့်(စားပွဲတင်သကြားလို့ခေါ်ပါတယ်) ၁အောင်စ ..ပျမ်းမျှ လက်ဖက်ရည် စွန်းတစ်စွန်းစာ အပြည့် ထည့်ပါ။ ပျော်ဝင်သည်အထိ မဖိတ်စင်အောင်သေချာမွှေပေးပါ။
၅. ဒါဆိုရင် .. ဆပ်ပြာပူပေါင်းမှုတ်ဖို့အတွက် ဖျော်စပ်ပြီးဆပ်ပြာရည် အဆင်သင့်ရပါပြီ။
၆. ပြန်လည်ရောင်းချ ဖို့ .. ကြာရှည် သိမ်းဆည်းဖို့.. လက်ဆောင်ပေးဖို့ ဆိုလျင်.. ဆပ်ပြာပူပေါင်း ထည့်တဲ့ မှုတ်တံပါ ကော်ဗူး ၀မ်းဆတ် အလှလေးတွေ နဲ့ ထည့်ပြီး အသုံးပြုလို့၇ပါပြီ။
( ဗူးလေးတွေကို ပလပ်စတစ် စက်ရုံမှာ နှစ်သက်ရာ ပုံစံ မိုလ်ပေးပြီး ပြုလုပ်နိုင်သလို..
တရုတ်မှ ၀င်တဲ့ ဗူးအလှရောင်စုံ လေးတွေနဲ့ အလွယ်တကူဝယ်ယူထည့်နိုင်ပါတယ်။
ပုံလေးတွေ အောက်မှာ ပြပေးထားပါတယ်။ ပြုလုပ်အဆင်ပြေပါစေ။
(မှတ်ချက်.. အချဉ်အတွယ် အတိကျ ပြုလုပ်ပါနော်။ သန့်ရှင်းစွာပြုလုပ်ပါ။
အထူးသဖြင့်ရေသန့်.ဖို့အထူးဂရုပြုပါ.အခုဖော်ပြပေးထားတွေက ၁လီတာခွဲကုန်ချော
အတွက်ဖြစ်ပါတယ်။ အနည်းအများကို ဆတိုး နဲ့ ချိန်ပြီး ပြုလုပ်နိုင်ပါတယ်။ )
No comments:
Post a Comment