Saturday, July 6, 2019

၇။iPhone ဟမ်းခြင်အတွက်

သင့် iPhone X ဘာမှလုပ်မရဘဲ ဟန်းနေပြီလား
ပုံမှန်အတိုင်း ပါဝါပိတ်မရဖြစ်နေပြီလား
Screen မှာဘာမှမလာဘဲ အားသွင်းလို့လည်း
ပွင့်မလာဘူးဖြစ်နေပါသလား

အိုင်ဖုန်းတွေမှာ အခန့်မသင့်ရင်ဖြစ်နေကျ
သာမန်ပြဿနာဖြစ်ပါတယ်

အဲ့လိုဖြစ်ခဲ့ရင် ဆိုင်ပြေးစရာမလိုဘဲ အောက်ပါအဆင့်များအတိုင်း Force Restart လုပ်ပြီး သင်ကိုယ်တိုင်
လွယ်ကူစွာဖြေရှင်းလို့ရပါတယ်

1 - Volume Up ခလုတ်ကို ၁ချက်
2 - Volume Down ခလုတ်ကို ၁ချက်
3 - Power Button ကို ၁၀စက္ကန့်

အသံချဲ့ခလုတ်နဲ့ အသံတိုးခလုတ်ကို ၁ ချက်စီနှိပ်ပြီးတာနဲ့ တစ်ဆက်တည်း ပါဝါခလုတ်ကို ၁၀ စက္ကန့်လောက် ဖိထားပေးလိုက်ပါ

ဒါဟာ iPhone X ကို Force Restart လုပ်ဖို့ သင်အမိန့်ပေးလိုက်တာဖြစ်ပြီး လုပ်ဆောင်ချက်မှန်ကန်ရင် ပွင့်လာမှာဖြစ်ပါတယ်

No comments:

Post a Comment