Saturday, July 6, 2019

၁၉။မရမ်းသီးစိမ်းငါးပိထောင်းနည်း


မရမ်းသီးစိမ်းငါးပိထောင်းနည်း
***********************

ပါဝင်ပစ္စည်းများ

မရမ်းသီး...၅ကျပ်သားခန့်
ငရုပ်သီးစိမ်း..၅ကျပ်သားခန့်
ကြက်သွန်ဖြူ....၆မွှာခန့်
မျှင်ငါးပိ မီးဖုတ်....ထမင်းစားဇွန်း၂ဇွန်း
ပုဇွန်ခြောက် ၂ကျပ်ခွဲသားခန့်..

ပြုလုပ်နည်း

ပထမဦးစွာ.. ငါးပိကိုမီးဖုတ်ထားပါ မရမ်းသီးကို ၂ခြမ်းခွဲပြီး အစေ့ထုတ်ထားပါ။ ပုဇွန်ခြောက်ကိုရေစိမ်ပြီးညှက်အောင်ထောင်းပါပြီးရင် ငရုပ်သီးစိမ်းကြက်သွန်ဖြူထည့်ထောင်းပါ။ညှက်ပါက မရမ်းသီး ငါးပိဖုတ်တို့ထည့်ပြီး သမအောင်ရောထောင်းပေးပြီးရင်တော့ မရမ်းသီးငါးပိထောင်းရပါပြီးရှင်။ ပါဝင်ပစ္စည်းနည်းပေမယ့်အရသာရှိသော မရမ်းသီးငါးပိထောင်းပါ။ပုဇွန်ခြောက်ချိုချိုအရသာနဲ့ ငါးပိဖုတ်မွှေးမွှေးလေးနဲ့ ငရုပ်သီးစပ်စပ်လေးနဲ့
မရမ်းသီးချဉ်ချဉ်လေ့းမို့
သဘာဝငါးပိထောင်းအရသာစစ်စစ်ပါရှင့်။

လုပ်နည်းမေးထားကြတဲ့ ချစ်မိတ်ဆွေများအတွက်ပါရှင့်။

Thida Lay Lay
Credit to Thida Lay Lay ကို အထူးပင် လေးစားအပ်ပါသည်။

#Yangon #Bagan #Inle #Mandalay #Bago #NayPyiTaw #CarRental #CarRent #CarServices #Limousine #YangonCarRental #MandalayCarRental #BaganCarRental #InleCarRental #MyanmarCarRental #Taxi #MyanmarTaxi — at Myanmar.

No comments:

Post a Comment