Wednesday, July 3, 2019

၅။W1 chip ဆိုတာဘာလဲ?


Apple ရဲ့ နားကြပ်တွေမှာပါတဲ့ W1 chip ဆိုတာဘာလဲ?
.
Image result for apple w1 chip.
W1 chip ဆိုတာကတော့ Apple ရဲ့ မူပိုင် system-in-package chip တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ တာဝန်ကတော့ audio streaming လုပ်တဲ့အခါ ပိုပြီး ကောင်းစေဖို့အတွက်ဖြစ်ပြီး Apple က ထုတ်တဲ့ AirPods နဲ့ Beats နားကြပ်တွေမှာ ထည့်ပေးထားတတ်ပါတယ်။ W1 chip တွေကို headphone တွေမှာ ထည့်ပေးထားတဲ့အတွက် အကျိုးကျေးဇူး သုံးခုရပါတယ်။ ဘာတွေပိုကောင်းလာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်။
.
Apple Device တွေကို Wi chip ထည့်ထားတဲ့ နားကြပ်တွေနဲ့ ချိတ်တဲ့အခါ pairing နဲ့ reconnecting လုပ်ရတာ ပိုလွယ်သွားပြီး ပိုလည်းမြန်လာပါတယ်။ ဒါကြောင့် device တွေ အမျိုးမျိုးနဲ့ မကြာခဏပြောင်းပြီး ချိတ်ဆက်တဲ့အခါမှာ ပိုပြီးအဆင်ပြေစေပါတယ်။
.
Bluetooth နဲ့ ချိတ်တဲ့အချိန်မှာလည်း လိုင်းအရမ်းငြိမ်တဲ့အတွက် အသံ ပြတ်တောင်းပြတ်တောင်းဖြစ်တာမျိုး လုံးဝကြုံရတော့မှာ မဟုတ်ပါဘူး။ ရိုးရိုး Class 2 Bluetooth နည်းပညာတွေက အကွာအဝေး ၃၃ ပေအတွင်းပဲ ချိတ်ဆက်လို့ရတဲ့အချိန်မှာ W1 chip ပါတဲ့ နားကြပ်တွေကတော့ ပေ ၁၀၀ ကနေ ၂၀၀ လောက်အတွင်း သုံးလို့ရပါတယ်။
.
W1 chip ပါတဲ့ နားကြပ်တွေက ဘက်ထရီစားလည်း အရမ်းသက်သာပါတယ်။ မကြာခဏ အားသွင်းရတဲ့ ပြဿနာမျိုးတွေ သိပ်မရှိတော့ပါဘူး။ W1 chip ပါတဲ့ AirPods ကို တစ်ခါအားသွင်းထားရင် ငါးနာရီအထိ အသုံးပြုလို့ရပါတယ်။ Truely Wireless Earbuds တွေထဲမှာတော့ AirPods ရဲ့ Battery Life က အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။
.
ဒီလို အကျိုးကျေးဇူးတွေကို ရရှိနိုင်ဖို့အတွက် iOS user တွေ အနေနဲ့ iOS 10 နဲ့ အထက်ရှိရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ W1 chip တွေ ပါဝင်တဲ့ Headphone Models လေးခုပဲရှိပါသေးတယ်။ အဲ့ဒါတွေကတော့
.

Apple Airpods
Beats Solo3 Wireless
Beats PowerBeats3 Wireless
BeatsX

.
နောက်ထပ် ထွက်လာမယ့် Apple ရဲ့ AirPods နဲ့ Beat Headphone တွေမှာတော့ မျိုးဆက်သစ်ဖြစ်တဲ့ W2 chip ကို သုံးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ W2 chip ကိုတော့ မနှစ်က မိတ်ဆက်ခဲ့တဲ့ Apple Watch Series 3 မှာ ပထမဆုံးအသုံးပြုခဲ့တာပါ။ သူက  W1 chip ထက်ပိုမြန်လာမှာဖြစ်ပြီး ပါဝါစားလည်း ပိုသက်သာမှာပါ။
.
ဒါပေမဲ့ ဘယ်လောက်ပဲ wireless နည်းပညာတွေ ကောင်းကောင်း အသံထွက်အရည်အသွေးအပိုင်းမှာတော့ ကြိုးပါတဲ့ Headphone တွေကို မယှဉ်နိုင်သေးပါဘူး။ မကြာခဏ အားပြန်သွင်းရတာကလည်း wireless headphone တွေရဲ့ အားနည်းချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Apple ကတော့ သူ့ရဲ့ W1 chip အားကိုးနဲ့ iPhone တွေရဲ့ Headphone Jack တွေကို ဖြုတ်ပစ်ခဲ့ပါပြီ။
.
အသံ အရည်အသွေးအပေါ်မှာ အရမ်းအလေးအနက်မထားဘဲ ပုံမှန် သုံးတဲ့သူတွေအတွက်တော့ Apple ရဲ့ W1 chip ပါဝင်တဲ့ Wireless Headphone တွေဟာ ကြိုးပါတဲ့ Headphone တွေထက် ပိုပြီးသုံးရတာ လွယ်ကူအဆင်ပြေစေမှာ သေချာပါတယ်။ အနည်းဆုံးတော့ သီချင်းနားထောင်ခါနီးတိုင်း နားကြပ်ကြိုးတွေ ရှုပ်နေတာကို ပြန်ပြီး ဖြည်နေစရာ မလိုတော့ပါဘူး။


No comments:

Post a Comment