Wednesday, July 3, 2019

၃။ မုန့်လုံးကြီး၊ သာကူ အုန်းနို့ဆမ်း


 မုန့်လုံးကြီး၊ သာကူ အုန်းနို့ဆမ်း

မုန့်လုံးကြီးတွင် ပါဝင်သောပစ္စည်း
   ကောက်ညှင်းမှုန့် – ၄၀၀ ဂရမ်
    ဆန်မှုန့်            – ၁၀၀ ဂရမ်
    ရေ                   – ၄၀၀ မီလီလီတာ
    အစိမ်းရောင် အရည် – လက်ဖက်ရည်ဇွန်း တ၀က်
    အနီရောင် အရည် – လက်ဖက်ရည်ဇွန်း တ၀က်

အစာသွပ်ရန် ပါဝင်ပစ္စည်များ
ထန်းလျက် – ၁၀ခု
 မြေပဲ(လှော်ပြီသား) – ၃၀ ဂရမ် (အခွံချွတ်ထားပါ)

အုန်းနို့ရည်တွင် ပါဝင်ပစ္စည်းများ
    အုန်းနို့ – ရ၀၀ မီလီလီတာ
    ဆား – လက်ဖက်ရည်ဇွန်း တ၀က်
    သကြား – ၁၀၀ ဂရမ်
    မှုန့်သား – အနည်းငယ် (အရည်ပျစ်ရန်)

သာကူတွင် ပါဝင်ပစ္စည်းများ
သာကူစေ့ – ၂၅ ဂရမ်
 ရေ – ၂လီတာ
အစိမ်းရောင်၊အနီရောင်အရည် – လက်ဖက်ရည်ဇွန်း တ၀က်

သာကူ ကြိုနည်း

၁။ အရင်ဆုံး ရေ(၂လီတာ) ကို ပွက်ပွက်ဆူအောင် တည်ထားထားပါ။

၂။ ပြီမှ သာကူများကို ထည့်ပြီ မွှေပေးပါ။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။

၃။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရေအေးပြန်စိမ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။

၎။ သာကူကို ပန်းကန်နှစ်ခုထဲ ညီညီမျှမျှ ခွဲထည့်ပါ။ ပန်းကန်တစ်ခုထဲကို အစိမ်းရောင် အရည် နှင့် တခြား ပန်းကန် တစ်ခုကို အနီရောင် အရည်များ သာကူအားလုံး ဖုံးသွားသည်အထိ သမအောင်မွှေပေးပါ။

မုန့်လုပ်နည်း
၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။

၂။ ရေကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။

၃။ ပြီးလျှင် အရောင်ထည့်ချင်က မုန့်သားကို တ၀က်စီခွဲပြီ အစိမ်းရောင်၊ အနီရောင် (လက်ဖက်ရည်ဇွန်း တ၀က်) စီထည့်ပေးပြီ သမအောင် ရောနုယ်ပါ။

မှတ်ချက် ။ ။ အုန်းနို့ရည်ချက်ရာတွင် ထည့်ရန် မုန့်သားဖြူ (စားပွဲတင်ဇွန်း တ၀က်)စာ ချန်ထားပေးပါ။

၎။ ပြီလျှင် အစာသွပ်ရန် မြေပဲနဲ့ ထန်းလျက်ကို ရောပြီး
 ထောင်းပေးပါ။

၅။ ပြီလျှင် မုန့်ဒိုးများထည့်ကိုအနေတော်အရွယ်များလုံးပြီ လက်ဖြင့် အ၀ိုင်းပြားလုပ်ကာ မြေပဲ၊ ထန်းလျက်များကို အစာသွပ်ပေးပါ။

၆။ ပြီလျှင် အလုံးလေးများ ပြန်လုံးပေးပါ။ ထိုနည်းအတိုင်း ကျန်မုန့်လုံးများကို အစာသွပ်ပြီ လုံးပေးပါ။

ရ။ ပြီနောက် ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။
၆။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပြီ အဖုံးအုပ်ထားပါ။

၇။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးကြီးများကို ထည့်လိုက်ပါ။

၈။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။ ရေစစ်ပြီးလျှင် ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။

အုန်းနို့ရည်ဆမ်း ချက်နည်း
၁။ ဒယ်ထဲသို့ အုန်းနို့ ၊ ဆား၊ သကြားများကို ပျော်သည်အထိ တည်ထားပေးပါ။

၂။ ပြီးလျှင် မီးအတင့်သင့်ဖြင့် စက္ကန့် ၂၀မျှ တည်ပေးပြီ အရည်ပျစ်ရန် မုန့်သားဖြူ အနည်းငယ် ထည့်လိုက်ပြီ မီးပိတ်လိုက်ပါ။

၃။ ပန်းကန်လုံးတစ်ခုထဲသို့ မုန့်လုံးကြီး၊ သာကူ၊ အုန်းနို့ရည်များ လောင်းထည့်ကာ အရသာရှိသော မုန့်လုံးကြီး အုန်းနို့ဆမ်းကို သုံးဆောင်နိုင်ပါပြီ

Credit : Wutyee Food House





No comments:

Post a Comment