Saturday, July 6, 2019
၂။SLS ဖြင့်ဆပ်ပြာဆီလုပ်နည်း
SLS ဖြင့်ဆပ်ပြာဆီလုပ်နည်း
ဆပ်ပြာဆီလုပ်နည်းတွေ မတူကြပါဘူး|အဓိက က ဓာတုကုန်ကြမ်းပါဝင်ပစ္စည်း တွေကြောင့်ပါ..
အခု မျှဝေပေးမည့်ဆပ်ပြာဆီက SLS ပါဝင်တဲ့အတွက် ဂျီးပိုကျွတ်စေပြီး အ၀တ်လျော် ပန်းကန်ဆေး ကြမ်းတိုက်
ဘက်စုံသုံးလို့ပါတယ်.
========
လိုအပ်ပစ္စည်း
========
၁. ဆပ်ပြာဆီကုန်ကြမ်းတစ်ဖုံ
(SLS နှင့်ပေးပါဆိုပြီး ကယ်မီကယ်ဆိုင်မှာပြောဝယ်ပါ.
တရုတ်လား|.ယိုးဒယား လား.ကို၇ီးယားလားမေးမနေပါနဲ့.. ဘယ်ကုန်ကြမ်းမဆို ကိုရီးယား ပဲပြောမှာပဲ.ရောင်းတဲ့သူကတော့..|ကို၇ီးယားကုန်ကြမ်းကအကောင်းဆုံးလို့သိထားတာကိုး)
၂. ၁၂လီတာဝင်ကော်ဇလားတစ်လုံး...
(ကော်ဇလားက ဓာတ်ပြုလွယ်တာမို့ပါ..)
၃.ေ၇သန့ှ်ဗူးခွံ ၁၄လုံး...
(ေ၇သန့်၁ဗူးက တစ်လီတာပါ.ေ၇သန့်ဗူးခွံ့ကို ရေဖြည့်ထားပါ..ေ၇၁၂လီတာ အသုံးပြု၇မှာဖြစ်လို့ . တစ်လီတာကို တစ်ဗူးနှင့်တွက်ပါမယ်. ကုန်ချောပြန်ထွက်၇င် ၁၄လီတာမို့ေ၇သန့်ဗူးခွံ ၁၄ဗူး လိုတာလို့ပြောတာပါ)
၎.စတီးဇွန်းတစ်ချောင်း
(ရိုး၇ိုးဟင်းခပ်ဇွန်း ကယ်မိကယ်ဆားခပ်မှာမို့ သီးသန့်တစ်ချောင်း အဆင်သင့်လုပ်ထားပါ)
၅.သစ်သားယောင်းမ (သို့) သစ်သားတုတ်တစ်ချောင်း
(ဆပ်ပြာကုန်ကြမ်းကို အားရပါး၇ မွှေရမှာမို့ ဟင်းခပ်ယောင်းမအတိုလေးနဲ့ အဆင်မပြေလို့ပါ.. ကို့ဘာသာ hand made လုပ်ထားလဲ၇တယ်နော်)
၆.ရေ ၁၂လီတာလိုမယ်နော်
(ေ၇သန့်တစ်ဗူးသည် ၁လီတာ)ဖြစ်တယ်နော် .
အဲ့တော့ ရေ့သန့်ဗူးခွံထဲေ၇အဆင်သင့် ဖြည့်ထားပါ..
၇. အ၀တ်ပိုင်း | ပုဆိုးပိုင်းတစ်ထည်
(ဆပ်ပြာပြုလုပ်ပြီး ဓာတ်ပြုအောင် အုပ်ထားဖို့အတွက် ဇလားအ၀ကိုအုပ်လို့၇မည့် အ၀တ်ပိုင်း)
၈.လက်အိတ် |နှာခေါင်းစည်း တို့အသုံးပြုရင်ပိုပြီး
safe ဖြစ်ပါတယ်
(အချို့က ဓာတုပစ္စည်းအနံ့အသက်ဆို အစိမ်းသက်သက် ဆိုတော့မူးတက်လို့ပါ)
====================
ဆပ်ပြာတစ်ဖုံအတွက်ပါဝင်ပစ္စည်းတွေကတော့
=====================
၁.N70 . အချွဲထုတ် (1kg)
၂.SLS . အချိုမှုန့်လို အချောင်းထုတ် (300g)
၃.NaCL .ကယ်မိီကယ်ဆားထုတ်(600g)
၎. အေ၇ာင် အထုတ်(1ကျပ်သား)နဲ့
၅. အမွှေး ရနံ့ ဗူး (1 အောင်စ). ပဲဖြစ်ပါတယ်...
====
ပြုလုပ်ပုံ
====
၁. N70 ကို ဇလါးထဲထည့်ပါ..
ဘာရေမှ မထည့်ပဲနှင့် ဖြူဖွေးပြီးကြေညက်လာတဲ့အထိ
ယောင်းမ သို့မဟုတ် မွှေတံဖြင့် နာ၇ီဝက် အကြာအထိ
် တစ်ဘက်သတ်တည်း မွှေပါ..(ဘယ်အားသန်၇င်ဘက်ဘက်တစ်ဘက်တည်း|ညာအားသန်၇င်ညာဘက်တစ်ဘက်တည်း မွှေပါ)
၂. ပြီးလျင် SLS (အချိုမှုန့်လိုအချောင်း)ကို ခုနကN.70
ထည့်မွှေထားတဲ့ဇလားထဲကိုပဲ ထည့်ပြီး ၁၅မိနစ်လေါက်
တစ်ဘက်တည်းမွှေပေးပါ..
၃.ပြီှးလျင်ေ၇ဖြည့်ထားတဲ့ေ၇သန့်ဗူး (၁လီတာ )ကို
စတင်ထည့်ပါ
၎. ပြီးလျင် Nacl ဆား ထုတ်ကို စတီးဇွန်းနှင့် တစ်ဇွန်းခပ်ထည့်ပါ|ထည့်ပြီး ၅မိနစ်မွှေပါ
၅. ၅မိနစ်တစ်ခါပြည့်ပြန်လျင် (ေ၇တစ်ဗူး +ဆားတစ်ဇွန်း =၅မိနစ်မွှေ)..ပါ..
အဲလိုနှင့် ရေ ၁၂ဗူးလဲကုန် | ဆား တစ်ထုတ်လူံးလဲ အကုန် ဖြစ်ပြီဆိုရင်..
ဆပ်ပြာသား ဓာတ်ပြုဖို့အတွက် အဆင်ပြေသွားပါပြီ..
၆. နောက်ဆုံး အဆင့်အနေနှင့် အေ၇ာင်မှုန့် ၁ကျပ်သားအထုတ်လေးကို ဖောက်ထည့် လိုက်ပါ |
၇.နောက်ဆုံးမှအနံ့ ၁အောင်စ ဗူးလေးကို လောင်းထည့်လိုက်ပါ
အေ၇ာင်အနံ့ ထည့်ပြီးလျင် အပြီးသတ် ၅မိနစ်မွှေပါ...
၈..ပြီး၇င်အ၀တ်ပုဆိုးနဲ့ အုပ်ပြီး အေးမြခြောက်သွေ့တဲ့နေ၇ာမှာ
၈နာ၇ီကြာထားပါ| ပုဆိုးအ၀တ်ပိုင်းအုပ်ပြီး၇င် ဇလား၇ဲ့ဘေး နှဲစ်ဘက်ကိုလက်နဲ့ စမ်းကြည့်ပါ..
အေးမြလာတယ်လို့ ခံစားရရင် စတင်ပြီးဓာတ်ပြုနေပါပြီ..
အမြှုပ်သေတာနဲ့ စတင်အသုံးပြုလို့၇ပါပြီ.
ပြုလုပ်နေ၇င်းမသိတာရှိ၇င်လဲမေးလို့၇ပါတယ်နော်..
(အခုဖော်ပြထားတာက ဆပ်ပြာတစ်ဖုံစာအတွက် manual လက်ဖြင့် လုပ်နည်းသီးသန့်ဖြစ်ပါတယ်..)
အိမ်သုံးဖို့ပဲဖြစ်ဖြစ် ..အခုမှ စမ်းသပ်ပြုလုပ်ဖို့အတွက်ပဲဖြစ်ဖြစ် အထူးသင့်လျော်ပါတယ်.. အစဆုံးဇလားတစ်လုံးထဲသာလိုအပ်ပါတယ်..အလွယ်ကူဆုံးနဲ့ ဆပ်ပြာသားအကောင်းဆုံးဖြစ်ဖို့နည်းလမ်းကို မျှဝေပေးတာပါ..
အဆင်ပြေကြပါစေ
(အကယ်၍ စက်ဖြင့် စီးပွားဖြစ် ပြုလုပ်လိုလျင်လဲ ဆွေးနွေးနိုင်ပါတယ်နော် . နည်းလမ်းပေးပါ့မယ်)
Ok
Crd;Photo
Labels:
soap
Subscribe to:
Post Comments (Atom)
No comments:
Post a Comment