Monday, July 8, 2019

၁၁။ဖုန်းပျောက်ခဲ့လျှင်

#ဖုန်းပျောက်ခဲ့လျှင်…
******************

နည်းလမ်း(၁)
မိမိ အသုံးပြု နေတဲ့ ဖုန်းပျောက် ရင် Google ကနေ အလွယ် တကူ ရှာလို့ ရပါပြီ။ အခြား Find my phone app, website များကို သွားစရာ မလိုတော့ ပါဘူး။ Google Search bar မှာ Find my phone လို့ ရိုက်လိုက်ပါ။ ပုံမှာ ပြထားတဲ့ ပုံစံမျိုး ကျလာ ပါလိမ့်မယ်။

သူက မိမိကို Google mail နဲ့ sign in လုပ်ခိုင်း ပါလိမ့်မယ်။ မိမိ sing in လုပ်မယ့် အကောင့်ဟာ မိမိရဲ့ ဖုန်းမှာ ပါတဲ့ Mail Service မှာ အသုံးပြုတဲ့ email ဖြစ်ဖို့ လိုပါ လိမ့်မယ်။ သူက imei code တွေလည်း မတောင်းပါဘူး။ Google Integration စနစ်ကို သုံးထား တာပါ။ လောလော ဆယ်တော့ Android ဖုန်းတွေပဲ ရှာလို့ ရသေး ပေမယ့် နောက် ဆိုရင် Google email service သုံးတဲ့ ဖုန်းတိုင်း ရအောင် ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။

ဖုန်းရဲ့ တည်ရှိရာ နေရာကို Google Mapနဲ့ ရှာဖွေပေးခြင်း အပြင် ကိုယ့်ရဲ့ ဖုန်းကို Ring မြည်အောင် လုပ်လို့ ရပါတယ်။ ဒါ့ အပြင် အချက်အလက် တွေကို Lock ချခြင်း၊ ဖျက်ခြင်း များကို လည်း ပြုလုပ်လို့ ရပါတယ်။

အဲ့ဒါကို စမ်းကြည့်ချင်တယ် ဆိုရင် Google Search မှာ Find my phone လို့ ရိုက်ကြည့်ပါ။

နည်းလမ်း(၂)
ဒါကတော့ ဖုန်း မပျောက်ဆုံးသေးခင် အောက်ပါ အစီအစဉ်များ အတိုင်း ကြိတင်ဆောင်ရွက်ထားပါ။
၁။ *#06# ကို သင့်ဖုန်းမှာနှိပ်ပါ။
၂။နှိပ်ပြီးတဲ့အခါ IMEI number လို့ ခေါ်တဲ့ ဂဏန်း ၁၅ လုံး ပေါ်လာလိမ့်မယ်။
၃။ အဲဒီ နံပါတ်၁၅လုံးကို သင်နှစ်သက်ရာ နေရာ မှာ ရေးမှတ် သိမ်းဆည်းပါ။
သင့်ဖုန်းပျောက်ဆုံးခဲ့ရင် အဲဒီနံပါတ် ၁၅ လုံး က ခြေရာခံမှာမို့ ပါ။
၎။ အကယ်၍ သင့်ဖုန်းပျောက်ဆုံးတာနဲ့  IMEI Number ကို ရေးပြီး cop@vsnl.net လိပ်စာအတိုင်း အီးမေးလ် ပို့ ပါ။
၅။ ကိုင်ဆောင်ထားသူက သင့်ရဲ့ဖုန်းနံပါတ်ကို လဲလိုက်ပါစေ။ သင့်ဖုန်း(hand set)ဘယ်နေရာမှာ ရှိနေတာ ကို သင်သိရှိနိုင်အောင် အကြောင်းကြားစာ ပို့ ပေးပါတယ်။

No comments:

Post a Comment