Saturday, July 6, 2019

၎။Fb ကို ဘယ်လို အသုံးပြုကြမလဲ ?

Facebook ကို
ဘယ်လို အသုံးပြုကြမလဲ ???
---------------------------------------

ယခုလိုတိုးတက်နေတဲ့  ခေတ်ကြီးထဲမှာ လူဦးရေ
70 % က  ဖုန်းကိုင်နိုင်ကြပါတယ် !

ဖုန်းကိုင်နိုင်သူ  80 % ဟာလည်း  facebook ကို
အသုံးပြုနေကြပါတယ် !

အသုံးပြုသူ  90 % က 
အကျိုးမဲ့စွာ  အသုံးချနေကြပါတယ် !
ဒါကို မိတ်ဆွေသတိထားမိပါလိမ့်မည် !

သင်  ဖိနပ်စီးပါလိမ့်မည် #
ဘာအတွက်  စီးပါသလဲ #

လှချင်လို့လား 
ဆူးညှောင့်ခလုတ်ကို  ကြောက်လို့လား #
ဒီလိုလေးတွေ မိမိကိုယ်ကို  မေးဖူးပါသလား ?

အခု  facebook သုံးနေတယ် !
ဘာအတွက်  အသုံးပြုတာလဲ ?
ပုံတင်ပြီး  လှကြောင်းကြွားဖို့လား #

အီစီကလီ  လုပ်ဖို့လား #
ရည်းစားနဲ့ကဲနေတာတွေ  ကြေငြာဖို့လား #
ချမ်းသာတာကို အများသိစေချင်လို့လား #

ဘာအတွက်  အသုံးပြုနေတာလဲ ?
အကောင်း အဆိုး  ကွဲဖို့လိုပါလိမ့်မည် !

facebook  ကိုဘယ်လိုအကျိုးရှိအောင် သုံးကြမလဲ ?

မိတ်ဆွေကောင်း ရှာပါ !
နေ့စဉ် ဖြစ်ပျက်နေတဲ့  သတင်းတွေ  ဖတ်ပါ !
မိတ်ဆွေများကို  ပြန် share ပေးပါ !

အသိပညာတိုးပွားစေမယ့်  ပို့စ်တွေရှာဖွေဖတ်ပါ !

                                                             
       လေ့လာထားသမျှလေးတွေ  ကျင့်သုံးပါ !
             ********************

ကျန်းမာရေးအသိပေးစာတွေ  ရှာဖတ်ပါ !

ဟာသလေးတွေ   အပျင်းပြေဖတ်ကာ ရယ်မောပါ !

သင်သိသမျှ  ကုသိုလ်အချို့ ဗဟုသုတအချို့ကို   အားလုံးသိရန် !

ပို့စ်တင်ခြင်း   share ခြင်းဖြင့်မျှဝေပါ !

ဘဝအတွက်   အကျိုးရှိစေမည့်ပို့စ်များကို ရှာဖွေပြီး !
အစဉ်လေ့လာပါ !

မိတ်ဆွေကောင်း / ပညာရှိများနဲ့  အချိန်ရလျှင်
စကား စမြည်ဟြေဆိုပါ !

မှတ်သားထိုက်သော စကားများကို  မှတ်သားပါ !

ဒီလိုလေးတွေအတွက်  အသုံးပြုတယ်ဆိုရင် !

သင်နှင့်သင့်မိတ်ဆွေအားလုံး  အကျိုးရှိပါလိမ့်မည် !

ဘယ်အရာမဆို  သုံးတက်လျှင်ဆေးကောင်းပါ !
မသုံးတက်လျှင်  ဘေးဖြစ်စေပါလိမ့်မည် !

( ဥပမာ ) ပုံလှလှတွေတင်ဖို့  facebook သုံးသူ
တစ်ချို့ဟာ   sexy page လုပ်ခံရသလိုပေါ့ !

ဒါဟာ  မသုံးတက်တော့  အရှက်ကွဲစေတာပေါ့ !
တိုင်လို့ရပါတယ်  ဒါပေမယ့်  နာမည်ကပျက်ခဲ့ပြီ !

နာမည်ပျက်ပြီဆို  ဆုံးရှုံးမှုတွေအရမ်းများပါမည် !
ဒီလို အဖြစ်မျိုးတွေ  နေ့စဉ်ဒုနဲ့ဒေးပဲ !

ကျွန်တော်ဆိုလိုသည်က 
အကျိုးရှိစွာအသုံးချစေဖို့ပါ !

အသုံးပြုပုံ  မှန်ကန်စေချင်ပါသည် !

မိမိကိုယ်ကိုယ်  ဆန်းစစ်ပါ !
ငါ  ဘာအတွက်အသုံးပြုနေတာလဲ ?
ငါ့အတွက်  ဘာအကျိုးရှိစေလဲ ?

အကျိုးရှိစွာဖြင့်  အသုံးချတက်ပါစေ …
မေတ္တာဖြင့်   ရေးသားတင်ပြခြင်း  ဖြစ်ပါ၏ !
           

လူငယ်များသို့
__________

လူငယ်ဆိုတာ
တက်တက်ကြွကြွရှိတဲ့ သူ
လိုချင်တာကို ရအောင်ယူတတ်သူ
စဉ်းစားတွေးခေါ်မှု ကောင်းမွန်သူ တို့ဖြစ်ကြပါတယ် ။

လူတိုင်းဟာ
တိုးတက် အောင်မြင်ချင်ကြတယ်
အေးချမ်းသော ဘဝကို လိုချင်ကြတယ်
ချမ်းသာကြွယ်ဝမှုကို လိုချင်ကြတယ် ။
စသည်ဖြင့်
ကောင်းမွန်သော ဘဝတို့ကို
လိုချင်တောင့်တကြ၏ ။

သို့သော်
အဲလိုမျိုး ကောင်းမွန်သော ဘဝကို
ပိုင်ဆိုင်နိုင်ဖို့ / ရရှိနိုင်ဖို့ အတွက်တော့
" ကြိုးစားအားထုတ်မှု " ဆိုတဲ့ အရာတစ်ခုကို
မေ့လျောနေကြတယ် ။

အခြားသော နိုင်ငံတွေမှာ
ခေတ်စနစ် / နည်းပညာတွေ
တိုးတက် ပြောင်းလဲလာလေလေ
လူမှုဘဝ အဆင့်အတန်းတွေလည်း
တိုးတက်ပြောင်းလဲ လာလေလေ ။

ဒါပေမဲ့
ကျွန်တော်တို့ နိုင်ငံမှာက
ခေတ်စနစ်တွေ
နည်းပညာတွေ အသစ်အဆန်းပေါ်ထွက်လာလေလေ
လူမှုဘဝ အဆင့်အတန်းတွေ
နိမ့်ကျ လာလေလေသာဖြစ်၏ ။

မျှော်လင့်ချက်တွေ ကြီးမား
စိတ်ကူးယဉ်တွေ မြင့်မား
ကြိုးစားမှုတွေက အားတက်သရော
ဖုန်းတွေကိုယ်စီပေါ့ ။

ဒီ နည်းပညာခေတ် ( IT ) မှာ
ဒီ အပြားလေး ( ဖုန်း ) ကြောင့်
ဒီ လူငယ်တွေ
ဒီ နေ့ / ည
ဒီ လိုပဲ
ဒီ အပြားလေးကို အကျိုးမဲ့
ဒီ အတိုင်း အသုံးပြုပြီး
ဒီ အချိန်တွေကို ဖြုန်းနေရင်
ဒီ ဘဝမှာ ဘယ်တော့မှ အောင်မြင်တိုးတက်မည် မဟုတ်ပါ ။

ဒီ အပြားလေး ( ဖုန်း ) ကို
လူကြီးထက်
ကျွန်တော်တို့ လူငယ်အများစုက
ကိုင်တွယ် အသုံးပြုနေကြပါတယ် ။
ထို့နောက်
ပြောင်းလဲမှုတွေလည်း ရှိကြတယ် ။

ဒါပေမဲ့
အဲဒီ ပြောင်းလဲမှုဟာ
မိမိဘဝ တိုးတက် အောင်မြင်ရေးအတွက်
ပြောင်းလဲနေတာတော့ မဟုတ်ပါ ။

မျက်စိမှုန်
ခေါင်း မူး / ကိုက်
ခန္ဓာကိုယ် အင်အားတွေ လျော့နည်းလာ
လူမှု ဆက်ဆံရေး နယ်ပယ်မှာ အားနည်းလာ
စသည်ဖြင့်ပေါ့
အမျိုးမျိုး ဆုတ်ယုတ်မှုတွေ ပြောင်းလဲနေကြတာပါ ။

ကလေးလူငယ် အများစုက
ဂိမ်းဆော့မှုတွေနဲ့ ဖြစ်ပျက်နေကြတာပါ ။
ဂိမ်းဆိုတာ
ယှဉ်ပြိုင်ပွဲတစ်ခုလိုပေါ့ ။
အမြဲတမ်း မိမိပဲ အနိုင်ရယူချင်တာ ။

ဒီအပြားလေးမှာ
ဂိမ်းအမျိုးပေါင်း ဆော့ကစား နိုင်တာကြောင့်
အချို့က
ဖုန်းအား ရှိနေသ၍ ဆော့ကစားနေကြပါပဲ ။
အဲလို အကြာကြီး ဂိမ်းဆော့မှုတွေ များလာတော့
မျက်လုံးတွေ မှုန်ဝါးလာတော့ပဲ ။
မျက်လုံးမှုန်ဝါးမှုမှ
ခေါင်းတွေ မူး/ကိုက်လာတော့တာပဲ ။
ဒီလိုနဲ့ တဖြည်းဖြည်း
ကိုယ်ခံအားတွေ ကျဆင်း
ခန္ဓာကိုယ် မကျန်းမာမှုတွေ ဖြစ်ပွားလာကြတာပဲ ။
ထို့ကြောင့်
အဲဒီအပြားလေးထဲ၌
မိမိရဲ့ အာရုံကို အကြာကြီး ထည့်မထားတာ အကောင်းဆုံးပါ ။
ဖြစ်နိုင်လျှင်
ဒီ အပြားလေး ( ဖုန်း ) ကို လျော့သုံးပါ ။

အစဦးဆုံးမှာ
"လူငယ်ဆိုတာ
  တက်တက်ကြွကြွရှိတဲ့ သူ
  လိုချင်တာကို ရအောင်ယူတတ်သူ
  စဉ်းစားတွေးခေါ်မှု ကောင်းမွန်သူ " ဟု ပြောသွားပါတယ် ။

ဂိမ်းကစားတာကိုပဲ
စဉ်းစားလိုက်ပါ - - -
ဂိမ်းတစ်ခု ကစားလျှင်
စိတ်ဝင်တစား ကစားကြတယ်
အနိုင်ကို ရအောင် ယူတယ်
ဘယ်လို ဆော့ရင် ဘယ်လိုရလဒ်တွေ ရမယ် ဆိုတာကို
စဉ်းစားတွေးခေါ်ဉာဏ် ကောင်းမွန်သူတို့ပဲ ဖြစ်ကြပါတယ် ။

ထိုနည်းအတူ
မိမိဘဝ အတွက်
လူ့ပတ်ဝန်းကျင်အတွက်
အကျိုးရှိမည့် လုပ်ငန်းကို လုပ်ကိုင်နိုင်မည့် အတွက်
တက်တက်ကြွကြွနဲ့
ပညာ ဗဟုသုတတွေကို
သင်ယူ လေ့လာ မှတ်သားလိုက်လျှင်
ပိုမို ကောင်းမွန်မည်သာ ဖြစ်ပါတယ် ။

ရည်းမှန်းချက်တွေ
မိုးပေါ်မှာ
လုပ်ရပ်တွေကတော့
မြေကြီးအောက်မှာ ဖြစ်နေလို့ မဖြစ်ပါ ။

ရည်းမှန်းချက်
မြင့်မားလေလေ
ကြိုးစားမှုကို အားပေးလေလေသာ ဖြစ်သင့်ပါတယ် ။

အခုတော့
ကျွန်တော်တို့ လူငယ်တွေရဲ့
ကြိုးစားမှုက 0 % သာ ဖြစ်နေတယ် ။

အနာဂတ်မှာ
အေးချမ်းစွာဖြင့် သာသာယာယာ နေထိုင်နိုင်ဖို့
ယခု လက်ရှိ အချိန်မှာ
ကြိုးစား အားထုတ်ဖို့တော့ လိုအပ်ပါတယ် ။

အချိန်ရှိတိုင်း
ဂိမ်းဆော့မယ်
chatting လုပ်မယ်
ဟာသတွေ ကြည့်မယ်
fb မှာ ဟိုဟာ ကြည့်လိုက် ဒီဟာကြည့်လိုက် လုပ်နေမယ်
စသည်ဖြင့်သာ
လုပ်ကိုင်နေမယ် ဆိုရင်
မိမိဘဝအတွက်
ဘယ်အခါ ကြိုးစားတော့မှာလဲ ။

လူငယ်ပဲ ရှိသေးတယ်
ကြိုးစားစရာ မလိုသေးဘူးဟု
ပြောကောင်း ပြောနိုင်ပါတယ် ။

ဘယ်လို ပြောပြော
လူတိုင်းမှာ
တာဝန်ကိုယ်စီနဲ့ ပါ ။

လမ်းလျှောက် သင်တဲ့ ကလေးမှာ
လမ်းလျှောက်မှု သင်ယူ
အတန်းပညာသင်ယူတဲ့ လူငယ်မှာ
တတ်မြောက်အောင် ပညာသင်ယူ
အတတ်ပညာတွေ သင်ယူ
အသိပညာတွေ လေ့လာ မှတ်သား
ကောင်းမွန်တဲ့ တွေးခေါ်မှုဖြင့်
ဘဝကို ကောင်းမွန်အောင် ဖန်တီးနိုင်အောင်
ကြိုးစားလုပ်ကိုင်ဖို့တော့ လိုအပ်လှပါတယ် ။

မိမိဘဝကို
မိမိကိုယ်တိုင်
ကြိုးစားလုပ်ကိုင် အားထုတ်မှသာ
တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမည်သာ ဖြစ်ပါတယ် ။

ဒါကြောင့်
အချိန်ရှိတုန်း
အသိပညာ ဗဟုသုတတွေ လေ့လာပြီး
အလုပ်တွေကို ကြိုးစားအားထုတ်ပြီး
ကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ လိုအပ်လှပါတယ် ။

ဖုန်းကိုင်တာတွေ
ဖုန်းကြည့်တာတွေကို
လျော့ချလိုက်ပြီး
မိမိဘဝကို တိုးတက်ပြောင်းလဲမှုရှိအောင်
ကြိုးစားလိုက်ပါတော့ - - - ။

အချိန်ရှိတုန်း
မိမိဘဝ ကောင်းမွန်အောင် ကြိုးစားလိုက်ပါ ။
အကယ်၍
သင့်မကြိုးစားခဲ့လျှင်
အခြားတစ်ယောက်က သင့်ကို ကျော်သွားပါလိမ့်မည် ။

သင့်အနာဂတ် လှပသာယာဖို့
ဖုန်းကိုင်တာ / ကြည့်တာ လျော့ချ၍
မိမိဘဝအတွက် ကောင်းမွန်တဲ့ အလုပ်ကို
ကြိုးစားလုပ်ကိုင်ကြပါစို့ ။

မေတ္တာမွန်ဖြင့်
ကောင်းချစ် ~ အတွေးရသစာစုလေးများ

                                                               .

သင်တို့ရဲ့ Facebook ကိုနေ့စဉ်ပုံမှန် သန့်ရှင်းရေး ပြုလုပ်သင့်တယ်
- - - - - - - - - - - - - - - - - - - - - - - - - - - - -
Facebook ဆိုတာ - မိမိတို့ လွတ်လပ်စွာ ဖွင့်ဟလို့ရတဲ့ နေရာလေးတစ်ခု ။

Facebook ဆိုတာ - မိမိတို့ ခဏတာ အပန်းဖြေနိုင်တဲ့ ပျော်စရာ နေရာလေးတစ်ခု ။

Facebook ဆိုတာ - အသိပညာ ၊ ဗဟုသုတပေါင်းစုံတဲ့ ကမ္ဘာလေးတစ်ခု ။

Facebook ဆိုတာ - မိမိတို့ရဲ့ စာသင်ခန်းလေးတစ်ခုဖြစ်သလို ကျောင်းတော်ကြီးတစ်ခုလည်း ဖြစ်တယ် ။

Facebook ဆိုတာ - အသုံးပြုတတ်သူအတွက် ကောင်းကျိုးတွေရရှိနိုင်သလို ၊ အသုံးမပြုတတ်သူအတွက် ဆိုးကျိုးတွေလည်း အများကြီးရရှိနိုင်တယ် ။

အခုတလော Facebook ပေါ်မှာ ကြုံတွေ့နေရတာတစ်ခုက လူငယ်တွေ စကားမပီကြတော့တဲ့ ပြဿနာပါ ။ ( သယ်ရင်း ၊ တား ၊ ဆမီး ဘိုယဲ လှယား ကျောကျိကျိ ၊ တစ်ထုထုကျောတွားလေ ) ဆိုပြီး သတ်ပုံတွေကို သတ်နေကြတယ် ။
     ဒီလိုမျိုးတွေ မပီတပီပြောနေကြမယ့်အစား မိမိရဲ့အတွေးတစ်ခု စာလေးတစ်ကြောင်းဖြစ်ဖြစ် အဓိပ္ပါယ်ရှိရှိ မျှဝေခဲ့သင့်တယ် ။

လူတစ်ယောက်ရဲ့ စိတ်နေသဘောထားဆိုတာ အသက်အရွယ်ကြောင့်လဲ ပြောင်းလဲတတ်သလို
၊ သူငယ်ချင်းအပေါင်းအသင်းကြောင့်လည်း ပြောင်းလဲသွားနိုင်တယ် ။

    ဥပမာ - တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလို ကိုယ့်ရဲ့ Facebook Friend အယောက် 100 ထဲမှာ 50 လောက်ရဲ့ Post တွေက စကားမပီတဲ့ post တွေဖြစ်နေလို့ ကိုယ်လည်း ရောယောင်မိပြီးအတုမယူကြဖို့နဲ့ ၊ တစ်ချို့သူတွေရဲ့ အဓိပ္ပါယ်ရှိတဲ့ စာလေးတစ်ကြောင်း အတွေးလေးတစ်ခု ကိုဖတ်မိလို့ သူတို့တောင် ဒီလိုမျိုးတွေးနိုင် ရေးနိုင်သေးတာပဲ ငါက ဘာလို့ မတွေးနိုင် မရေးနိုင်ရမှာလည်း ဆိုတဲ့အတွေးမျိုးတွေကို တွေးမိကြဖို့လိုတယ် ။

Facebook ပေါ်မှာ တစ်စုံတစ်ယောက်က မိတ်ဖွဲ့လာခဲ့လို့ရှိရင် ၊ အများစုကတော့ သူ့ရဲ့Wall ထဲဝင်ကြည့်ပြီးမှ လက်ခံသင့် မခံသင့် ဆုံးဖြတ်တတ်ကြတယ် ။

 Friend တစ်ယောက်ယောက်က Negative ဆန်တဲ့ ၊ မကောင်းတဲ့ Post တစ်ခုကို Tag တွဲထားတာကို ကိုယ်က မသိလို့ Tag မဖြုတ်သေးတာပဲဖြစ်ဖြစ် ၊

လုပ်ငန်းခွင် သူငယ်ချင်း အပေါင်းအသင်းတွေကြား စိတ်အခန့်မသင့်တဲ့အချိန် လတ်တလောစိတ်ခံစားမှုကို ဦးစားပေးပြီး တင်လိုက်မိတဲ့ Post တစ်ခုခုဖြစ်ဖြစ်

အဲဒီလို Post မျိုးတွေကို ကိုယ့်ရဲ့ Wall ပေါ်မှာ ကြာကြာမထားသင့်ဘူး ။

 အဲလို post မျိုးတွေက ကိုယ့်အတွက် လူအထင်သေးစရာ ၊ သိက္ခာကျစရာ ၊ မျက်နှာပျက်စရာတွေဖြစ်လာနိုင်တယ် ။

ကိုယ့် Wall ပေါ်ရှိနေတဲ့ Post တစ်ခုတိုင်းစီက ကိုယ့်ကိုတစ်စိတ်တစ်ဒေသကို ဖော်ညွှန်းနေတတ်တယ် ။

 ဥပမာ - သင်ဒေါသတကြီးတင်လိုက်မိတဲ့ Post တစ်ခုခုကို Friend တစ်ယောက်ယောက်က တွေ့သွားခဲ့ရင် သင်ရဲ့ စိတ်က ဒီလိုမျိုးပါလား ဆိုတဲ့ အတွေး ဝင်သွားနိုင်တယ် ။

သင့်ရဲ့Status တစ်ကြောင်းချင်းစီမှာ အဓိပ္ပါယ်တစ်ခုစီရှိနေတယ် ။

 ဒါကြောင့် ကိုယ့်ရဲ့ Wall ကို ပြန်စစ်ပြီး ဖျက်သင့်တဲ့ Post ဆိုရင်လည်း ဖျက်လိုက်ပါ ။

စာဖတ်ဝါသနာရှင်တွေ ၊ နိုင်ငံရဲ့သားကောင်း ရတနာလောင်းလေးတွေကိုလည်း သတိတစ်ခု ပေးချင်တယ် ။ တစ်ချို့ စာရေးသူတွေဆိုရင် တစ်ဖက်သတ် အရမ်းဆန်လွန်းအားကြီးတယ် ။

ဒီလို ရေးတင်တဲ့သူတွေရဲ့ Post တစ်ခုကိုလည်း အချိန်ပေးပြီး ကြာကြာဆက်ပြီးဖတ်မနေသင့်ဘူး ။

တစ်ခါဖတ်ဖူးရုံနဲ့ သူ့ရဲ့ အရည်အချင်းနဲ့ အတွေးအခေါ်ကို ကောင်းကောင်းနားလည်သင့်တယ် ။

 မကောင်းတဲ့စာတွေကို အဖတ်များရင် မကောင်းတဲ့ ခံယူချက်တွေ အတွေးအခေါ်တွေ အနည်းနဲ့ အများဆိုသလို လွှမ်းမိုးလာတတ်တယ် ။

အဓိပ္ပါယ်မရှိတဲ့ Post မျိုးတွေကို အချိန်အကုန်ခံဖတ်နေမယ့်အစား ကိုယ့်အတွက်အကျိုးတစ်စုံတရာပေးနိုင်တဲ့ စာမျိုးကိုပဲ အချိန်ပေးပြီးဖတ်လိုက်ပါ ။

မိမိရဲ့ Wall ကိုလည်း သန့်ရှင်းရေးပုံမှန်လုပ်ပေးကြပါ ။

ဒီဆောင်းပါးလေးကို ကျွန်တော်နှင့် ကျွန်တော့်ရဲ့ ချစ်ညီမလေး အတွေးနှစ်ခု ပေါင်းစပ်ပြီး ရေးသားတင်ပြလိုက်ပါတယ် ။

Like , Share လေးလုပ်ပြီး ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေကို အတွေးမျှဝေလိုက်ပါ

       Facebook သုံးရင် ပိုက်ဆံ မကုန်ကြစေနဲ့
                   *****************
        တစ်ခါက ရွာတစ်ရွာမှာ သမီးအဖနှစ်ယောက် ရှိကြသတဲ့။

 တစ်နေ့တော့ အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကို စကားလေးတစ်ခွန်း မှာခဲ့တယ်
* သမီးရေ တကယ်လို့များ အဖေမရှိခင် ဧည့်သည်လာခဲ့လို့ရှိရင် ထမင်းလေးတော့ ကောင်းကောင်းမွန်မွန် ချက်ကျွေးလိုက်ပါ ဒါပေမဲ့ သမီးရယ် ဆန်တော့ မကုန်ပါစေနဲ့* လို့ မှာခဲ့သတဲ့။

     သမီးလည်း အဖေဖြစ်သူ စကားကို ကြားရတော့ အနက်အဓိပ္ပါယ်နားမလည်သဖြင့်

*ဖေဖေကလည်း ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မှာပေါ့  အဖေရဲ့*လို့ပြန်ပြောလိုက်သတဲ့။

ဖခင်ဖြစ်သူလည်း
*ဩော် သမီးရယ် ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မယ်ဆိုတာ ဖေဖေလည်း သိတာပေါ့ ဒါပေမဲ့သမီး  စေတနာထားပြီး ချက်ကျွေးရင်  ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရတယ် စေတနာ မပါပဲ ချက်ကျွေးတော့ ကုသိုလ်လည်းမရဘူး ဆန်လည်းကုန်သေးတယ် ဒါ့ကြောင့် စေတနာထားပြီး ချက်ကျွေးပါလို့ ပြောတာသမီး *လို့ ဖခင်ဖြစ်သူက ရှင်းပြလိုက်မှ သမီးဖြစ်သူလည်း သဘောပေါက်သွားသတဲ့။

 အဲဒီအခါကြမှ သမီးဖြစ်သူလည်း *ဟုတ်ကဲ့ပါ ဖေဖေ ဧည့်သည်လာလို့ ထမင်းချက်ကျွေးရင် ဆန်မကုန်စေရပါဘူး*ပြန်ပြောလိုက်သတဲ့

 ကဲ.  Fbသုံးနေကြတဲ့ ညီငယ်/ညီမငယ်များလည်း Facebookသုံးရင် ပိုက်ဆံတွေ မကုန်ကြပါစေနဲ့
 ကုန်သွားတဲ့ ပိုက်ဆံတန်ကြေးထက် အဆပေါင်း မြောက်များစွာ တန်ဖိုးရှိတဲ့ အသိပညာ ဗဟုသုတတွေကို ပြန်လည်ရယူနိုင်ကြပါစေလို့ ရေးသားတိုက်တွန်းလိုက်ရပါကြောင်း


Credit

#FBနည်းပညာမှတ်စု

No comments:

Post a Comment