ကုန်ကျစရိတ် အနည်းငယ်ဖြင့် မှန်ကြည်ဆေးလုပ်နည်း မျှဝေပေးချင်ပါတယ်..
ဖန်သားတွေ.. မှန်သားတွေ.. ဂျေးကျွတ် သန့်စင်ဖို့အတွက် .. ကိုယ်တိုင်အိမ်သုံးအတွက်ပဲဖြစ်ဖြစ် ..ရောင်းတန်း အတွက်ပဲ ဖြစ်ဖြစ် .. အဆင်ပြေပါတယ်...
လိုအပ်တဲ့ ကုန်ကြမ်း
...........................
၁. Water = 1litter ( ရေအသန့် ၁လီတာ)
၂. White vinegar =1litter ( သန့်စင်ပြီးရှာလကာရည် . ၁လီတာ)
၃. Rubbing Alcohol = 250 ml ( သန့်စင်ပြီး အရက်ပြန် ၁/၄ လီတာ)
၎.Pure Liquid soap = 200 ml ( အရောင်မပါအနံ့မပါ ဆပ်ပြာဆီအပြစ် ၂၀၀မီလီ)
၅.Blue Colour =8 drops ( အပြာအရောင် 1ကျပ်သား )
၆.Lemon essential oiL = 1oz( သံပုရာအသီး အနံ့ ၁အောင်စ)
၇.Lime essential oil = 1oz(သံပုရာ အခွံ့အနံ့ ၁အောင်စ)
၈.ကုန်ချောပြန်ထည့်ဖို့ ဗူးသို့မဟုတ်ပုလင်း လိုပါတယ်။
၉. စပရေး ခေါင်း အဖုံး လိုပါတယ်( မှန်ကြည်ဆေးရည် ဗူးအဖုံးအတွက်)
ပြုလုပ်နည်း
................
၁. ပထမဦးစွာ အ၀ကျဉ်း ပုလင်းရှည် ..သို့မဟုတ် ဗူးအကြီး.. သို့မဟုတ် စတီးအိုး တစ်လုံးလိုပါတယ်... အဓိက က အဖုံးဖုံးလို့ရရင်ရပါပြီ ဆပ်ပြာဆီလုပ်သလို အ၀ကျယ် ဇလုံ.ဇလားမျိုး အသုံးပြု၍မရပါ. (ပြုလုပ်မည့် ကုန်ကြမ်ဲးမှာ အငွေ့ပြန် တက်တဲ့ ကုန်ကြမ်းပါဝင်လို့ပါ)
၂. ဗူးထဲ သို့မဟုတ် ပုလင်းထဲသို့ ရေသန့် ၁လီတာ အရင်ဆုံးထည့်ရပါတယ်..
၃. ပြီးလျင် ရှာလကာရည်အဖြူ ၁လီတာထည့် ပေါင်းပြီး မွှေပေး shake ပေး၇ပါမည်.
(မျက်လံုး နှာခေါင်း နှင့်အနီးဆုံးရှိလျင်အငွေ့ဟပ်တက်လို့ သတိထားပါနော်)
၎. ဆပ်ပြာ ဆီ အပြစ် ပြုလုပ်ပြီးသား အရောင်အနံ့မပါတာ ၂၀၀ မီလီ ထည့်ပြီး shake, မွှေပေးရပါမည်..(အေ၇ာင်အနံ့ပါလျင် ပြုလုပ်မည့်အနံ့နှင့်ရောပြီး အနံ့ထိရောက်မှုအာနိသင်မရှိလို့ပါ)
၅. ပြီးလျင် အရောင် အပြာရောင် အမှုန့်ဆိုလျင် ၁ကျပ်သား .အရောင်အရည် ဆိုလျင် ၈စက် ထည့်ပေးရပါမယ်။ (မှန်ကြည်ဆေး အေ၇ာင်ကို ထုတ်လုပ်တာ အများစုက အပြာေ၇ာင်မို့ အပြာေ၇ာင်ထည့်ခိုင်းတာပါ)
၆. အနံ့ ကို lemon အနံ့ နှင့် lime အနံ့ သံပုရာ အသီးအနံ့နှင့်အခွံ့အနံ့ တစ်အောင်စဆီ အချိုးကျ ထည့်ပေးရပါမည်။ ၂အောင်စထည့်ပေးရတာက white vinegar ဟာ အနံ့အသက်ကို ပျောက်စေလို့ ၂အောင်စထည့်မှ အနံ့အာနိသင် ထိရောက်မှာမို့ပါ)
၇. အားလုံးထည့် ပြီး မွှေပြီးလျင်.. သို့မဟုတ် shake ပြီးလျင် နောက်ဆုံးမှာ Rubbing Alcohol မြန်မာအခေါ်အရက်ပြန် ကို ၂၅၀ မီလီ ထည့်ပြီး မွှေပေး shake ပေးရပါ့မယ်.
၈. အားလုံးမွှေပြီး ပေါင်းစပ်ပြီး အမြှုပ်သေပြီး ငြိမ်သွားလျင် အဆင်သင့်သုံး မှန်ကြည်ဆေးရည် ရပါပြီ. အလှဗူး နှင့် ထည့်ပြီး စပရေးခေါင်းနှင့်တပ်ြပီး ရောင်းနိုင်အသုံးပြုနိုင်ပါပြီ...
အခုပြုလုပ်တာက ရေ ၂လီတာ ကုန်ကြမ်းအတွက်ဖြစ်ပါတယ်...
ရေ၁လီတာ ကို ရေ ၈လီတာ ရောစပ်ပြီးမှ အသုံးပြုနိုင်ပါပြီ။
ရေ၃လီတာ ကုန်ကြမ်းဆိုလျင် ကုန်ချောအတွက် ရေ ၂၄လီတာစာ ထွက်ရှိပါတယ်..
မှတ်ချက်က .. ကလေးသူငယ်များနှင့် ဝေးရာမှာ ပြုလုပ်ထားရှိရမှာဖြစ်ပါတယ်..
အန္တရယ်ရှိပါတယ်...
ပြုလုပ်အဆင်ပြေကြပါစေ။
No comments:
Post a Comment