Wednesday, July 3, 2019
၁၄။ကင်မ်ချီထမင်းကြော်
ကင်မ်ချီထမင်းကြော်
ပါဝင်သောပစ္စည်များ
၁။ အအေးခံထားသောထမင်း - တရုတ်ထမင်းပန်းကန်လုံး ၄ လုံး
၂။ ကင်မ်ချီ - တရုတ်ထမင်းပန်းကန်လုံး ၁ လုံး ခွဲ
၃။ ကင်မ်ချီအရည် - ထမင်းစားဇွန်း ၄ ဇွန်း(မထည့်လဲ ရပါသည်။)
၎။ ရေ - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ကိုရီးယား ငရုတ်သီးအနှစ်(ပုံမှာပြထားသောဗူးထဲမှ) - ထမင်းစားဇွန်း ၃ ဇွန်း (အစပ်ကြိုက်ရင် ၄ ဇွန်းထည့်ပါ။)
၆။ နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၇။ နှမ်း - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၈။ ရေညှိ - ၁ ထုပ် (တခါစားအထုပ်)
၉။ Bacon (or) Ham (or) Spam (or) ကြိုက်နှစ်သက်ရာအသား - တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခွဲ
၁၀။ ဆီ -ထမင်းစားဇွန်း ၂ ဇွန်း
၁၁။ ကြက်သွန်မြိတ် - ၂ ပင် (အစိမ်းေ၇ာင်အပိုင်း)
ပြုလုပ်နည်း
၁။ အသားကို နှပ်ထားပါ။ အောက်ပါလင့်ခ်က အတိုင်းနှပ်ထားနိုင်ပါသည်။ Bacon (or)Ham (or) Spam ကိုအသုံးပြုလျှင် နှပ်စရာမလိုပါ။ https://www.facebook.com/777867615616287/photos/a.777870188949363.1073741827.777867615616287/777888878947494/?type=1&theater
၂။ နှပ်ထားသောအသား၊ ကင်မ်ချီ နှင့် ကြက်သွန်မြိတ်တို့ ကို ပါးပါးလှီးထားပါ။ ရေနှင့် ငရုတ်သီးအနှစ်ကို အရည်ဖျော်ထားပါ။
၃။ ကြော်မည့်အိုးကို မီးဖိုပေါ်တင်ပြီး အိုးပူလာလျှင်ဆီထည့်ပါ။ ဆီပူလာလျှင် အသားကိုထည့်ကြော်ပါ။ အသားကျက်လျှင် ကင်မ်ချီကိုထည့်ပြီးမွှေပါ။ သမသွားလျှင် ထမင်းကိုထည့်ပါ။ ပြီးလျှင် ကမ်ချီအ၇ည် နှင့် ငရုတ်သီးအနှစ်အ၇ည်တို့ ကိုထည့်ပြီးမွှေပါ။ အရသာမြည်းကြည့်ရ်ျ ပေါ့နေလျှင် ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်းထည့်ပါ။
၎။ ပြီးလျှင် နှမ်းဆီကိုထည့်ပြီး သမအောင်မွှေပါ။
၅။ အားလုံး သမသွားလျှင် မီးဖိုမီးကိုပိတ်ရ်ျ ကြက်သွန်မြိတ်ထည့်ပြီး မွှေပါ။
၆။ စားခါနီးတွင် ထမင်းထည့်၊ ထမင်းအပေါ်က နှမ်း၊ ကပ်ကျေးဖြင့်ပါးပါးညှပ်ထားသောရေညှိ ကိုတင် half-fried ကြက်ဥကြော်ဖြင့် သုံးဆောင် နိုင်ပါသည်။
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5ml)
😁😁😁
Labels:
food
Subscribe to:
Post Comments (Atom)
No comments:
Post a Comment