ဖုန်းတစ်လုံးပြင်နိင်ဖို့ အတွက်
အဖြုတ်အတတ်ပိုင်းကျွမ်းကျင်မှု
လိုအပ်သလို
စက်ပြားပေါ်မှာပါနေတဲ့ ပစ္စည်းတွေရဲ့အလုပ်လုပ်ပုံ
သဘောတရားကိုလဲသိထားဖို့ လိုအပ်ပါတယ်။
ဒီအထဲမှာအဓိကအပိုင်းဖြစ်တဲ့ အိုင်စီတွေရဲ့အ
ကြောင်းကိုလေ့ထားသင့်ပါတယ်။
ဥပမာတစ်ခုအနေနဲ့ MTK ဖုန်းတွေရဲ့အိုင်စီထဲက
MT6582 နဲ့ သူနဲ့အတွဲဖြစ်တဲ့အိုင်စီတွေရှိပါတယ်။
MT6582 =CPU.
MT6323 = PMU.
MT6166 =RF.
MT6627 =WIFI.BT.
eMMC+LPDDR2 = Flash memory.
အထက်ပါအိုင်စီတွေဟာ ဘယ်မော်ဒယ်ပဲဖြစ်ဖြစ်
အတွဲလိုက်ပါဝင်နေတာတွေ့ရမှာပါ။
MT6582 အိုင်စီမှာအဓိကအပိုင်း (၅) ပိုင်း
ပါဝင်ပါတယ်။
(1) AP System.
(2) Multimedia System.
(3) Modem System
(4) Connectivity System.
(5) Audio System.
AP System အပိုင်းတွင်
CPU Core အပိုင်း
Boot Rom အပိုင်း
MMC Interface အပိုင်း
USB Driver အပိုင်း
I2C အပိုင်းနှင့် အခြား Control အပိုင်းများပါသည်။
Multimedia System အပိုင်းတွင်
DSI (Display Serial Interface)
CSI ( Camera Serial Interface)
အပိုင်းတို့ ပါဝင်ပါသည်။
Modem System အပိုင်းတွင်
2G.3G network အပိုင်း
Band8. Band1. စသည့်အပိုင်းတို့ ပါဝင်သည်။
Connectivity System အပိုင်းတွင်
WiFi.Bluetooth.FM.GPS စသည့်အပိုင်းတို့ 
ပါဝင်ပါသည်။
Audio System အပိုင်းတွင်
Audio Codec အပိုင်းနှင့်ဆက်စပ်နေသော
Mic
Ear piece နှင့် Ringer speaker အပိုင်းတို့ ပါဝင်ပါ
သည်။
အထက်ပါအကြောင်းအရာများမှာ MT6582 တွင်ပါ
ဝင်သော အစိတ်အပိုင်းမျှသာဖြစ်ပါသည်။
MMC Interface အပိုင်းတွင် LPDDR2 နှင့် LPDDR3
နှစ်မျိုးစလုံးအသုံးပြုနိင်တာတွေ့ရမှာပါ။
ဥပမာအားဖြင့် G730-U00 တွင် LPDDR2 ကိုအသုံး
ပြုထားပြီး BGA162 နှင့်တွဲသုံးပါသည်။
Y5¡¡ တွင် LPDDR3 ဖြစ်ပြီး BGA221 နှင့်တွဲသုံးပါ
သည်။ တစ်ခုသတိထားရမည့်အချက်မှာ CPU အိုင်စီများတွင် နံပါတ်တူတိုင်းအစားထိုး၍မရပါ။
MT6582V စာတန်းအောက်တွင် Date code အဖြစ်
ဂဏန်း ၄ လုံးဖော်ပြထားပါသည်။ ၎င်းနံပါတ်၏ဘေးတွင် Modem နှင့်ပတ်သက်သည့် Functional Code များခွဲခြားထားပါသည်။
W=W-CDMA+HD.
T=TD-SCDMA+HD.
E =EDGE+ HD.
X =WCDMA+ qHD.
U= TD-SCDMA+ qHD.
F= EDGE+ qHD. စသဖြင့်ရေးသားထားပါသည်။
၎င်းစာလုံးဘေးတွင် Subcontractor code အဖြစ်
AHHHH. AHHTH စသဖြင့်ခွဲခြားထားပါသည်။
အောက်ဆုံးစာကြောင်း CTTXXXXXX ကတော့
Lot Number သတ်မှတ်ချက်များဖြစ်ပါသည်။
တစ်ချို့  CPU လေးလုံးလောက်လဲမှရသွားတယ်ဆို
ပြီးတင်ကြတာတွေ့ရပါတယ်။ တကယ်လို့ သာဒီအချက်တွေသိထားမယ်ဆိုရင် တစ်ချက်ထဲနဲ့လဲရသွား
နိင်ပါတယ်။
Credit ကိုကိုအောင်
😁😁😁😁😁
No comments:
Post a Comment