( အဆီကျဆေး ဆပ်ပြာ ပြုလုပ်နည်း )
***********
ပါဝင်တဲ့ ပစ္စည်းများ
***********
1.Glycerine Base Soap _ 1kg
2.Ginger _ 2taple spoons
3.Ground coffee_2tablepoons
(ကော်ဖီအစိမ်းကိုအမှုန့်ကြိတ်တာပဲဖြစ်ဖြစ်.
ကော်ဖိလှော်ပြီးအမှုန့်ကြိတ်တာပဲဖြစ်ဖြစ်ရပါတယ် )
4. Black pepper powder _o.5 teaspoon
5. Clove powder _0.5 teaspoon
6.Wheat Geam OiL (Jojoba oiL)_ 1oz
7.Lavender OiL _ 1oz
8.Olive OiL _ 1/4 teaspoon
9. Vitamin A and Vitamin E (Cuspule 1လုံးစီ..)
10. Essential oil နှစ်သက်ရာ အနံ့ တစ်အောင်စထည်နိုင်ပါသည်။(1oz)
11.နှစ်သက်ရာအရောင် ..( မထည့်လဲရ သည်) 0.5 ကျပ်သား
12. Base soap ကျိုရန် စတီးအိုး အသန့် တစ်လုံး
13. ပေါင်းစပ်ပြီး ကုန်ချောထည့်ရန် မို(ပုံလောင်းခွက်)တစ်ခု
14. မွှေဖို့ဆီလီကွန်ယောင်းမ အသေးတစ်ခု
15. အရက်ပျံ့ spray အနည်းငယ်( မရှိလဲရ)
( table spoon ဆိုတာက ဟင်းခပ်ဇွန်း..teaspoon ဆိုတာက လက္ဖရည်ဇွန်း..ဖြစ်ပါတယ်... အဲဒီဇွန်းချဉ်ခွက်လေးတွေဝယ်ထား၇င်ပိုလွယ်ကူပါတယ်နော်..)
ပါဝင်တဲ့အမျိုးစား စုစုပေါင်း၁၀မျိုးဖြစ်ပါတယ်။ ဓာတုဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူလို့ရပါတယ်..
*******
ပြုလုပ်ပုံ
*******
..( ပါဝင်ပစ္စည်း အမှုန့် 4မျိုး+ အဆီ6 မျိုး=10မျိုး)
***************
နံပါတ် 1.
Glycerine Base Soap အကြည်တုံး ၁ကီလိုကို..
မိမိနှစ်သက်၇ာ နည်းဖြင့်( ပေါင်းပဲပေါင်းပေါင်း.. အရည်ပဲကျိုကျို.. )
အရည်ပျော်အောင်ကျိုထားရမှာဖြစ်ပါတယ်..
နံပါတ်2 .
အရည်ကျိုပြီးသား base soap ထဲကို အမှုန့် 4မျိုးထည့်ရမယ်လို့..
မှတ်ထားရင်ရပါပြီ..
ပထမဆုံး Ground Coffee အစေ့ကို အစိမ်းလိုက်အမှုန့်ကြိတ်ထားတာ ဖြစ်ဖြစ်...
လှော်ပြီး အမှုန့်ကြိတ်ထားတာဖြစ်ဖြစ်.အစစ်ဖြစ်ရင်ရပါပြီ... ဟင်းခပ်ဇွန်း 2ဇွန်း ထည့်
ပြီး မွှေပေးရမှာဖြစ်ပါတယ်..
ပြီးလျင် Ginger အမှုန့် ဟင်းခပ်ဇွန်း 2ဇွန်းထည့်မွှေပေးရမှာဖြစ်ပါတယ်..
(ဂျင်း အစစ်မှုန့်ဖြစ်ရပါ့မယ်။ အချို့သောဒေသမှသူတွေမှာဆိုရင် ဂျင်းအဆီအနှစ် စစ်စစ်တောင် ရှိပါတယ်.. ဂျင်းအမှုန့်အစားဂျင်းအဆီရခဲ့လျင်တော့ လက်ဖက်ရည် ဇွန်း၁ဇွန်းထည့်လို့ရပါတယ်)
ပြီးလျင် Black Pepper Powder အမှုန့်ကို လက်ဖက်ရည် ဇွန်း တစ်ဝက် ခန့် ထည့်ပေးရပါ့မယ်.. (ဓာတုကုန်ကြမ်းဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရပါတယ်)
ပြီးလျင် CLove Powder ကိုလည်း လက်ဖက်ရည် ဇွန်းတစ်ဝက်ခန့် ထည့်ပေးရင်ရပါတယ်..(ဓာတုဆိုင်တွေမှာဝယ်ယူလို့၇ပါတယ်.မရလျင်မထည်လည်း ရပါတယ်)
ဒါဆို၇င် အမှုန့်4 မျိုးထည့်မွှေလို့ ပြီးသွားပါပြီ...
ပြီးလျင် အဆီ6မျိုးထည့်ရပါ့မယ်....
နံပါတ်1.
Wheat Geam OiL တစ်မျိုးမျိုး ထည့်ပေးရမှာပါ..
( ဥပမာ JoJoba OiL အောင်စ၀က် ထည့်ရပါ့မယ် .).
နံပါတ်2
အဆီ Lavender OiL 1အောင်စ ထည့်ပေးရပါ့မယ်..
နံပါတ်3
အဆီ. Olive OiL လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ(ပျမ်မျှ 4စက်)
နံပါတ် 5
အဆီ ကတော့ Vitamin အုပ်စုထဲမှ vitaminA,နှင့် vitamin E
အဆီတောင့် တစ်တောင့် စီ ထည့်ပေးရပါ့မယ်.. ( အကယ်၍ Vitamin A မရလျင်မထည်လြဲရပါတယ်။ ဒါပေမဲ့ Vitamin E ကိုထည့်ပေးရပါ့မယ်)။ ဆေးဝါးဆိုင်မှာဝယ်လို့ရပါတယ်။
နံပါတ်6.
အဆီကတော့ မိမိထည့်ချင်တဲ့ Essential oil အနံ့ဆီ တစ်အောင်ပဲဖြစ်ပါတယ်။
ဥပမာ.. အနီ ရောင်လေးသုံပြီး နှင်းဆီအနံ့ လိုချင်ရင် အနီရာင်food colour လေး ထည့်ုပီး rosemary နှင်းဆီအနံ့ တစ်အောင်စ..ထည့်ပေးရမှာဖြစ်ပါတယ်..
အရောင်မထည့်ပဲ သဘာဝအတိုင်း ထားပြီး.. နှစ်သက်ရာ.. အမွှေး ရနံ့တစ်အောင်စ ကိုထည့်နိုင်ပါတယ်..(ဥပမာ.. coffee အရောင်လေး သဘာဝအတိုင်းဖြစ်နေခဲ့၇င် ကော်ဖီရနံ့ တစ်အောင်စ ၀ယ်ထည့်ပေးလို့ရပါတယ်)
မှတ်ချက်_ ပြုလုပ်စဉ် အစဆုံး ရေလုံးဝမထည့်ရပါနော်..
ပြီးတော့.. base soap ကျိုပြီးသားထဲကို ပါဝင်ပစ္စည်း တွေထည့်မွှေတဲ့အချိန်မှာ.. ကြက်ဥမွှေသလို ခေါက်လို့ မ၇ပါဘူးနော်.. အမြှုပ်မထစေ၇န်ဂရုစိုက်ပြီး ဖြေးညှင်းစွာထည့်ပေးရပါမယ်)
Base soapပျော်၇ည်ထဲ သို့ .. အမှုန့်4မျိုးအဆီ6မျိုး ထည့်မွှေပြီးလျင်..
မို(ဆီလီကွန် ပုံလောင်းခွက်) ထဲသို့ ထည့်ပြီး.. လေသလပ်ခံရပါ့မယ်..
မို ထဲထည့်စဉ်မှာ မွှေထားတာများလို့ အမြှုပ်ထနေခဲ့ရင် အရက်ပျံကို မိုမှာအရင်ဖြမ်းရပါမယ်.ပြီးလျင် ကျိုထားတဲ့base soap လောင်းထည့်ပြီးလျင် အ၇က်ပျံ စပရေးလိုထပ်ဖြမ်းရပါမယ်..
( အမြှုပ်မထပဲ.. အမြှုပ်သေစေရန်အတွက် သက်သက်သာဖြစ်ပါတယ်)။ မဖြမ်းလဲရ..
ခဲသွားလျင်မိုထဲကထုတ်ပြီး အသုံးပြုနိုင်ပါတယ်..
ခန္ဓာကိုယ်တစ်ခုလုံးအတွက်အသုံးပြုနိုင်ပါတယ်.
.ရေချိုးတဲ့အခါ ဆပ်ပြာတိုက်ပြီး နှိပ်နယ် ပြီးမှ ရေလောင်းချိုးလျင်ပိုထိရောက်ပါတယ်..
အဆီကျ.. ဆဲအသေတွေ သန့်ရှင်း.. အသားအရေတင်းရင်း သန့်ပြန့်စေလို့.. စိတ်ချပြုလုပ်သုံးစွဲနိုင်ပါတယ်။
.အခုကုန်ကြမ်ပစ္စည်းတွေရဲ့အကျိုးအာနိသင်တွေကို မိတ်ဆွေ တွေက သိပြီးသားဖြစ်မှာပါ..
ပြုလုပ်ရအခက်ခက်ရှိလဲ ကျွန်တော်ကိုဆွေးနွေးနိုင်ပါတယ်..
တကယ်တော့ ဆပ်ပြာအခဲလုပ်နည်း က အမျိုးစား 3အုပ်စုပဲရှိပါတယ်။ ပုံသေနည်း formula သိရင်မခက်ပါနော်။
ကျတော်အခုတင်ပေးတာက မအားလပ်တဲ့အိမ်ထောင်ရှင်မမညီမလေးများ.ဝါသနာပါပြီးအချိန်အခက်ခဲရှိတဲ့ မိတ်ဆွေများ..အတွက်.. အလွယ်ကူဆုံးကုန်ကြမ်းနဲ့ အထိရောက်ဆုံးနည်းလမ်းနဲ့..အလွယ်တကူနားလည်စေရန်သာ..ဖြစ်ပါတယ်။
အဆင်မပြေတာကို
သင်တန်းနာတဲ့ အချိန်ကြရင်
အားလုံး ပြန်ဖြေပေးပါမယ်နော်။
အဆင်မပြေတာ
မရှင်းတာ
မေးထားကြပါ။
No comments:
Post a Comment