ကြက်သားမှုန့်ပြုလုပ်နည်း
=========
၁ ကြက်သား ၅၀ကျပ်သား
၂ နံနံပင် ၁၀ကျပ်သား
၃ ကြက်သွန်နီ ၅ကျပ်သား
၎ ကြက်သွန်ဖြူ ၅ ကျပ်သား
၅ မုန်လာဥနီ ၅ကျပ်သား
၆ ဆားအနည်းငယ်
ပြုလုပ်နည်း
အဆင့်၁
ကြက်သားကို အရိုးနွှင်ပြီး သန့်စင်အောင် ဆေးကြောပါ
အဆင့်၂
ကြက်သားနှင့်ကျန်ပစ္စည်းများအားလုံးကို သစ်သီးဖျော်စက် သို့ အသားကြိတ်စက် သို့ ငရုတ်ဆုံ ထဲတွင် အားလုံးရော၍ ညက်လာသည်အထိ ကြိတ်ပါ ထောင်းပါ
အဆင့်၃
ဗန်းထဲ ပလတ်စတစ် ခင်းပြီးလောင်းထည့်ပါ အခြောက်ခံစက် သို့ နေပူရှိန်ဖြင့် ခြောက်အောင်လုပ်ပါ
အဆင့်၎
ခြောက်ပါက အသီးဖျော်စက် သို့ ငရုတ်ဆုံထဲ မှုန့်ညက်အောင် ကြိတ်ပါ
အဆင့်၅
ရရှိလာသောအမှုန့်များကို လေလုံသောဘူးထဲထည့်ပါ
မှတ်ချက် အသားကြိတ်စက် အကြီးစားဖြစ်လျှင် အရိုးပါထည့်ကြိတ်နိုင်သည်
နံနံပင်အစား ပူစီနံ တရုတ်နံနံ ပင်စိမ်း သုံးနိုင်သည်
No comments:
Post a Comment