Wednesday, July 3, 2019
၁၂။#ကြာဇံချက် ချက်နည်း
#ကြာဇံချက် ချက်နည်း
ပါဝင်ပစ္စည်းများ
ပဲကြာဇံ - ၂၀ သား(ရေစိမ်ထားပါ)
ကြက်သား - ၂၅ ကျပ်သား(သေးသေးရှည်ရှည်လှီးပါ)
ငုံးဥ - ၁၀လုံး(ပြုတ်ပြီး အခွံခွါ)
မှိုခြောက် - ၂ကျပ်ခွဲသား
ပန်းခြောက် - ၅ကျပ်သား
ပဲလိပ် - ၁ပြား
ငံပြာရည် - စားပွဲတင်ဇွန်း ၁ စွန်း
ငရုတ်ကောင်း - အနည်းငယ်
အရသာမှုန့် - စားပွဲတင်ဇွန်း ၁ စွန်း ကြက်သွန်ဖြူ - ၃ လုံး (အခွံနွှာ)
ကြက်သွန်နီ - ၆ လုံး(၄ စိပ်စိပ်
ဂျင်း - လက်၂ဆစ်(ပါးပါးလှီး)
နနွင်းမှုန်. - အနည်းငယ်
အရောင်တင်မှုန်. - အနည်းငယ်
နံနံပင် - အနည်းငယ်
သံပုရာသီး - အနည်းငယ်
အရင်ဆုံး ကြက်ရိုးများကို ကြက်သွန်ဖြူ ၅မွှာ၊ဂျင်းလက်၁ဆစ် ဆားအနည်းငယ်ထည့်ပြီး ပြုတ်ထားပါ။
မှိုခြောက်ပန်းခြောက်များကို ရေစိမ်ထားပါ။ ပွလာလျှင်ရေစင်အောင်ဆေး၍
အနေတော်ညှပ်ထားပါ။
ဒယ်ထဲ ဆီထည့်ပြီး ဆီပူလာရ ကြက်သွန်နီ ဖြူ ဂျင်း ဆီသတ်ပါ။နနွင်း အရောင်တင်မှုန်.ထည့်ပါ။ ကြက်သားထည့်ပြီး ခဏမွှေပေးပါ။
ကြက်ပြုတ်ရည်ထည့်ပါ။
အရသာအတွက် ငံပြာရည် အရသာမှုန့် ထည့်ပါ။
မှိုခြောက် ပဲလိပ် ထည့်ပါ။ ၅မိနစ်ခန့်
ကြာလျှင် ကြာဇံ နှင့် ပန်းခြောက်ထည့်ပါ။
ဆူပြီး ၁၅မိနစ်ခန့်ကြာရင် ငုံးဥထည့်ပါ။
အရသာမြည်းပါ။ အရသာစိတ်ကြိုက်ပြင်ပါ။
အရသာ အနေတော်ဖြစ်လျှင် ငရုတ်ကောင်းမှုန်.ပြီး ရပါပြီ ။
ကြာဇံချက် စားတော့မယ်ဆိုရင် ပန်းကန်ထဲထည့်ပြီး ကြက်သွန်စိမ်း နံနံပင် သံပုရာသီးညှစ် အစပ်ကြိုက်ရင် ငရုတ်သီးအကျက်မှုန်.ထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ ;)
Credit :
Labels:
food
Subscribe to:
Post Comments (Atom)
No comments:
Post a Comment