Wednesday, July 3, 2019

၈။ ငါးဖယ်အုန်းနို့ချက်


🌿 ငါးဖယ်အုန်းနို့ချက် 🌿

ပါဝင် ပစ္စည်းများ......🐟🍯🍅🍍🍏

ငါးဖယ်နယ်ရန်အတွက်........
🍅 ငါးဖယ် ၂၅ ကျပ်သား(ပေါက်ပြီးသား)
🍏 ရှောက်ရွက် ၄ ရွက်
🍄 ပဲသီးရှည့်တောင့် ၃ တောင့်
🍆 ငရုတ်သီးစိမ်း ၅ တောင့်
🍐 စပါးလင် လက် ၂ ဆစ်
🍋 ကြက်သွန်ဖြူ ၃ မွှာ
🍄 ကော်မူန့် ထမင်းစားဇွန်း ၁ ဇွန်း
🍈 ငရုတ်သီးအရောင်တင် လက်ဖက်ဇွန်း ၂ ဇွန်း
🌰 ယိုးဒယား ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
🍒 ကြက်ဥ ၁ လုံး
🍠 ဟင်းခက်မူန့် လက်ဘက်ရည်ဇွန်း ၁ ဇွန်း

ဟင်းချက်ရန် အတွက်......
🌿 အုန်းနို့ ရယ်ဒီမိတ် ဗူးသေး ၁
🌿 ခရမ်းချဉ်သီး ၂ လုံး( နုတ်နုတ်စင်း)
🌿 ကြက်သွန်နီဖြူကြော် ၁၀ သား
🌿 ဂျင်း လက်တဆစ်
🌿 အရောင်တင် မူန့် အနည်းငယ်..
🌿 သကြား ဆား ငံပြာရည် ဟင်းခတ်မူန့်
🌿 သစ်ဂျပိုးခေါက် အနည်းငယ်
🌿 ကလယ်ဝေးရွက် အနည်းငယ်
🌿 ပျဉ်းတော်သိမ်း ရွက် အနည်းငယ်......
🌿 မဆလာ
🌿 ဟင်းခက်မူန့်
🌿 နနွင်းမူန့်

ငါးဖယ်နယ်ရန်......
အရင်ဆုံး ပေါက်ပြီးသား ငါးဖယ်ထဲကို ကြက်ဥ ခေါက်ပြီးသား ၊ လှီးထားသော အသီးအရွက် နှင့် ကျန်ပစ္စည်းများ အကုန် ထည့်နယ်ပြီး ပုံပါပြထားတဲ့ အတိုင်း လုံးထားပါ။
ပြီးနောက် ဆီးများများ နှင့် အပြား ပုံစံလေးလုပ်ပြီးကြော် ဆီစစ်ထားပါ။
( ကြော်ထားသော ငါးဖယ်အား ကြိုက်သလို ပြုလုပ်စားနိုင်ပါသည်။)

ချက်နည်း......
ဂျင်း ၊ ပျင်းတော်သိမ်းရွက် ၊ ကရက်ဝေး ၊ သစ်ဂျပိုး ၊
ကို နနွင်းမူန့်ဖြင့် ဆီသက်ပါ။ ပြီးနောက် ခရမ်းချဉ်သီး  မဆလာ ဟင်းခတ်မူန့် ကြက်သွန်နီဖြူကြော် ထည့်ပါ။

အနည်းငယ်ဆီပြန်မွေးလာလျှင် အုန်းနို့ နှင့် ရေထည့်ပါ။
အုန်းနို့ ရည် ဆူလာပြီ ရေတဝက်လောက် ခန်းလာလျှင် ငါးဖယ်ကြော်ပြီးသား ထည့်ပါ။
ရေခန်းဆီးပြန်လာလျှင် မဆလာအုပ် ကရဝေးရွက်လအနည်ငယ်းထည့် အပေါ့အငန် မြည်း၍ အရသာ ရှိသော နတ်သုဒ္ဒါ ငါးဖယ်အုန်းနို့ချက် ဟင်းကို ရပါပြီ။

ထိုင်း နှင့် အင်ဒိုးနီးရှား နှစ်မျိုးပေါင်းကို မြန်မာနည်းဖြင့်
ချက်ပြုတ်ထားခြင်းပါ။

သတိ....အစားမတော်တလုပ်။
ရောဂါ နှင့် မတည့်သူများ စားသုံးရန်မသင့်ပါ။

သင်မီးဖိုချောင် အား သန့်ရှင်းမူဖြင့် ကူညီပါ။


Crd;စောတေဇမောင်(Professional Cook)

ချက်ပြုတ်ခြင်း အနုပညာ

No comments:

Post a Comment