Saturday, July 6, 2019

၈။ Camera အကြောင်းသိကောင်စရာ

Camera

Camera အပိုင်းကို အရင်အကောင့်မှာတင်ပေးဖူးပါ
တယ်။ မသိလိုက်တဲ့ညီငယ်တွေအတွက် ပြန်တင်ပေး
လိုက်ပါတယ် ။

Camera နဲ့ ပတ်သက်ပြီးမည်သည့်ဖုန်းအမျိုးအစားမဆို အခြေခံအချက်လေးတွေ လေ့လာမှတ်သားထားမယ်
ဆိုရင် အလွယ်တကူပြုပြင်နိုင်မှာပါ။

ဖုန်းတစ်လုံးမှာ Camera error တတ်လာပြီဆိုရင်
ဖုန်းမျက်နှာပြင်မှာ အသိပေးစားတန်းလေးတွေ
ထွက်ပေါ်လာတတ်ပါတယ်။

၁။  ပုံထွက်ဝါးနေခြင်း
၂။  Galary has stop စာတန်းပေါ်ပြီး ပြန်ထွက်သွား
     ခြင်း
၃။  Camera ပြောင်းပြန်ပေါ်နေခြင်း
၎။  Can't connect to cameraစာတန်းပေါ်နေခြင်း
၅။  ကာလာလှိုင်းများ ပြေးနေခြင်း/ ပေါ်နေခြင်း

၁။  ပုံထွက်ဝါးနေခြင်း
ပုံထွက်ဝါးနေမယ်/ ကြည်ကြည်လင်လင်မမြင်ရဖူးဆိုရင်
Camera ထဲ ရေဝင်ထားပြီးရေငွေ့ပြန်နေခြင်း
Camera cover ရေငွေ့ရိုက်ခြင်း
ချွေးငွေ့ရိုက်ခြင်း
ဖုန်မှုန့်များ ဝင်နေခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

Camera cover ကို သေချာသန့်စင်ပေးတာမျိုး
တစ်ရှူးစလေးနဲ့ သုပ်ပေးတာမျိုး
ဖုန့်မှုန့်တွေဝင်နေရင်တော့ တိပ်လေးနဲ့ကပ်ပြီး ပြန်ခွာ
လိုက်ရင် တိပ်မှာ ဖုန့်မှုန့်တွေကပ်ပါလာပါလိမ့်မယ်
စသည့် သင့်တော်မယ့်ပုံစံနဲ့ ဖြေရှင်းနိုင်ပါတယ် ။
Camera ထဲ ရေဝင်ထားမယ်ဆိုရင်တော့ camera လဲပေးရမှာပါ ။

၂။  Galary has stop

      Galary has stop error မျိုးကတော့
softwareကြောင့်လည်းဖြစ်နိုင်သလို camera မကိုက်
ခြင်း 1.8V ပျောက်နေခြင်း တို့ကြောင့်လည့် ဖြစ်တတ်
ပါတယ်။ softwere error ဆိုရင်တော့ factory reset ချပေးခြင်း/ တချို့ဖုန်းတွေမှာ Firmware တင်
်ပေးရုံနဲ့ပြန်ကောင်းနိုင်ပေမယ့် 1.8V ပျောက်ဆုံးနေ
မယ်ဆိုရင်တော့ jumperကျော်ပေးမှာသာ ပြန်ကောင်း
နိုင်မှာပါ။

၃။  Camera ပြောင်းပြန်ပေါ်နေခြင်း

     ကင်မရာမကောင်းရင်လည်း ၄င်းerror ဖြစ်တတ်သလို့  တခါတရံမှာ Customer အသုံးပြုနေတဲ့ camera software မှာပါဝင်တဲ့ camera rotate function ကြောင့်လည်း ဖြစ်တတ်ပါတယ် ။
1.8V ပျောက်ဆုံးနေရင်လည်း ၄င်း error ဖြစ်ပေါ်
နိုင်ပါတယ် ။
Camera software ပြောင်းသုံးကြည့်ရုံနဲ့ကောင်းနိုင်သလို 1.8V ပျောက်နေရင်တော့ jumper ကျော်ပေးလိုက်ပေါ့ဗျာ ။

၎။   Can't connect to camera

      Can't connect to camera စာတန်းကတော့
အခုအချိန်ထိ   2.8V ပျောက်နေမှသာ ဖြစ်ပေါ်လာတဲ့  error အဖြစ် ကြုံခဲ့ဖူးပါတယ်။ 2.8V ရှာပြီး
ကျော်ပေးလိုက်ပါခင်ဗျ။

၅။  ကာလာလှိုင်းများပြေးနေခြင်း

   ကာလာလှိုင်းတွေဖြစ်ပေါ်နေမယ်ဆိုရင်တော့
Lcd error လား   camera error လား ကွဲပြား
အောင် စစ်ဆေးပါ။ 1.8 V ပျောက်နေရင်လည်းဖြစ်
တတ်သလို တချို့မော်ဒယ်မြင့်ဖုန်းတွေရဲ့ 1.8V လမ်း
ကြောမှာ Mipi Dsi Transformer လေးတွေ ပါလာတတ်ပါတယ်။၎င်းTransformerလေးတွေရဲ့
အဝင်အထွက် voltvတွေ တူညီနေရမှာဖြစ်ပြီး voltတွေ
မတူညီဘူးဆိုရင်လည်း ၄င်း error မျိုးဖြစ်စေနိုင်ပါ
တယ်။ အဝင်အထွက်volt မတူညီတဲ့ Mipi Dsi Transformer ကို ဖြုတ်ပြီး ခဲနဲ့ တည့်ဆက်ပေးခြင်း
ဖြင့်လည်း ပြုပြင်နိုင်ပါတယ်။

ဒါကတော့ Camera နဲ့ပတ်သက်ပြီး အနည်းအကျင်း
တင်ပြပေးခြင်းဖြစ်ပါတယ် ။ ဘယ်အရာမဆို ပုံသေတော့ မသက်မှတ်ပါနဲ့ ။ error တူနိုင်ပေမယ့် ပစ်ချက်
မတူနိုင်တာကို သတိပြုပါ။

Success မိုလ်ဘိုင်းဖုန်းပြုပြင်ရေးသင်တန်း page မှာ
လည်း ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျ ။

 Be Successful
                  ဟတ်ဝဲလ်ကောင်းကင်

No comments:

Post a Comment