Saturday, July 6, 2019
၂၈။ဖွာလူဒါပြုလုပ်နည်
ဖွာလူဒါပြုလုပ်နည်း
****************
ပါဝင်ပစ္စည်း
1-သာကူစေ့ စားပွဲတင်ဇွန်း၂ဇွန်း
2-ကျောက်ကျောအဝါ အနီ အစိမ်း စားပွဲတင်ဇွန်း တစ်ဇွန်းစီ
3-မုန့်လက်ဆောင်း စားပွဲတင်ဇွန်း တစ်ဇွန်း
4-ယိုးဒယား ရောင်စုံဂျယ်လီ စားပွဲတင်ဇွန်း တစ်ဇွန်း
5-ပူတင်း တစ်တုံး
6-ရေခဲမုန့် တစ်လုံး
7-ရေခဲတုံး သင့်သလိုထည့်ပါ
8-နွားနို့ သင့်သလိုထည့်ပါ
9-နှင်းဆီအနံ အနည်းငယ်
10-အုန်းသီးခြစ် အနည်းငယ်
11-သကြားရည်
ပြုလုပ်နည်း
သကြားရေကိုကျိုထားပါ
အုန်းသီးခြစ်ပြီးအဆင်သင့်ထားထားပါ
သာကူစေ့ကိုပြုတ်ပြီးအအေးခံထားပါ
တယ်လီဖုန်းတံဆိပ်ကျောက်ကျောမှုန့်အသေးတစ်ထုက်ကိုရေ 500mlနဲ့ကျိုပြီးခွက်တစ်ခုစီမှာထည့်ပြီးအရောင်စပ်အအေးခံထားပါမိနစ်လေးဆယ်လောက်ပါ
ကြက်ဥ ဆား နွားနို့ နို့ဆီ များကိုရောခေါက်ပြီး ပူတင်း ပေါင်းထားပါမိနစ်နှစ်ဆယ်ခန့်
ပထမဦးဆုံး သောက်မည့်ခွက်ထဲသို့ ရေခဲတုံးတွေကို ထည့်ပါ ကြိုပြီးသားသကြားရည်ထည့်ပါ ဆားအနည်းငယ် ထည့်ပါ
ထို့နောက်ကျောက်ကျောအဝါအနီအစိမ်းနှင့် ယိုးဒယား ဂျယ်လီ ပူတင်း သာကူစေ့ တို့ကို ထည့်ပါ
မုန့်လက်ဆောင်းနှင့် ရေခဲမုန့်ကိုထည့်ပါ ပေါင်မုန့်ရှိလည်းထည့်နိုင်ပါတယ် ပြီးရက်နှင်းဆီအနံထည့်ပါ
နောက်ဆုံး အပေါ်မှာအုန်းသီးလေးဖြူးကာနွားနို့ လေးဆမ်းရင် အရသာရှိတဲ့ ဖွာလူဒါလေးရပါပြီ
Labels:
food
Subscribe to:
Post Comments (Atom)
No comments:
Post a Comment